ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့နှင့် လက်တွဲ၍ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် နိုင်ငံတော်ပိုင်းပစ္စည်းများ ပျက်စီးဆုံးရှုံးအောင် လုပ်ဆောင်လျက်ရှိသော KNU, KIA ကဲ့သို့သော အဖွဲ့များကို နိုင်ငံတော်က အကြမ်းဖက်အဖွဲ့များအဖြစ် ထုတ်ပြန်ကြေညာခြင်း မရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့နှင့် လက်တွဲ၍ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် နိုင်ငံတော်ပိုင်းပစ္စည်းများ ပျက်စီးဆုံးရှုံးအောင် လုပ်ဆောင်လျက်ရှိသော KNU, KIA ကဲ့သို့သော အဖွဲ့များကို နိုင်ငံတော်က အကြမ်းဖက်အဖွဲ့များအဖြစ် ထုတ်ပြန်ကြေညာခြင်း မရှိ




MNP ၊ ဇွန် ၃၀

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများနှင့် ပူးပေါင်း၍ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေသော KNU/PDF အကြမ်းဖက်သမားများသည် ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးမှု ၂၄ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

KNU/PDF အကြမ်းဖက်သမားများအနေဖြင့် ဇန်နဝါရီလ ၆ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်တောင်းမြစ်ကူးတံတား (နတ်သံကွင်း)နှင့် ယမန်နေ့ ဇွန်လ ၂၉ ရက်နေ့က မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန် - မော်လမြိုင် သွားကားလမ်းရှိ ကျုံအိတ်တံတားအပါအဝင် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီမှ ယနေ့အထိ လမ်းတံတားများကို ဖောက်ခွဲဖျက်ဆီးမှု ၂၄ကြိမ်ထက်မနည်း ရှိခဲ့သည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်-မော်လမြိုင်သွား ပြည်ထောင်စုလမ်းမပေါ်ရှိ အများပြည်သူ အားထားအသုံးပြုလျက်ရှိသည့် မိုင်တိုင်အမှတ်၊ ၁၃၁/၆ နှင့် ၁၃၁/၇ ကြား၊ တံတား အမှတ်(၃/၁၃၂)၊ အရှည် ၉၅ ပေ၊ အကျယ် ၄၁ ပေ၊ ခံနိုင်ဝန်တန် ၆၀ ရှိ သံကူကွန်ကရစ်အမျိုးအစား ကျုံအိတ်တံတားအား KNU/KNLA/PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့များက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ကျုံအိတ်တံတား၏ အနောက်ဘက်ခြမ်း ၆၆ ပေခန့် ပဲ့ကျပျက်စီးခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားချိန်၌ တံတားပေါ်တွင် ဖြတ်သန်းမောင်းနှင်နေသည့် မော်တော်ယာဉ် ၃ စီးပြုတ်ကျပျက်စီးခဲ့ကာ အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်၍ လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိစဉ် KNU/KNLA/PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့များက Drop Bomb များအသုံးပြု၍ အကြမ်းဖက်မှုများ ထပ်မံလုပ်ဆောင်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ၂ ဦးထပ်မံသေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့နှင့် လက်တွဲ၍ ဒေသတည်ငြိမ်အေးချမ်မှု ပျက်ပြားအောင် အကြမ်းဖက်လုပ်ရပ်များကျူးလွန်လျက်ရှိသည် KNU, KIA, KNPP အစရှိသော အဖွဲ့များကို နိုင်ငံတော်က အကြမ်းဖက်အဖွဲ့များအဖြစ် ထုတ်ပြန်ကြေညာခြင်း မရှိသည်ကို တွေ့ရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)