NUG(NLD) ရဲ့ တော်လှန်ရေးကို Lee တော်လှန်ရေးလား ဟု ဦးဝင်းမော် ပြောပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

NUG(NLD) ရဲ့ တော်လှန်ရေးကို Lee တော်လှန်ရေးလား ဟု ဦးဝင်းမော် ပြောပြီ


MNP ၊ ဇွန် ၁၀

ဦးသိန်းစိန်အစိုးရလက်ထက်ကစလို့ အမျိုးသားရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ ဦးဝင်မော် က NUG(NLD) က အပစ်မဲ့ ပြည်သူတွေကို ပစ်မှတ်ထားပြီး လိုက်လံ လုပ်ကြံသတ်ဖြတ်နေတဲ့ အပေါ်မှာ Lee တော်လှန်ရေးလား ဟု မေးခွန်းထုတ်လိုက်ပါတယ်။

လက်ရှိအချိန်မှာ ဦးဝင်းမော်ဟာ Myanmar Nation Voice အနေနဲ့ မီဒီယာကဏ္ဍကနေ ပါဝင်ဆောင်နေသူတစ်ဦးဖြစ်ပြီး တင်ဆက်နေကြ နိုင်ငံ့အရေးစကားလက်ဆောင်အစီအစဉ် ရပ်ထားတာ နဲ့ ပတ်သက်လို့ " နိုင်ငံ့အရေးစကားလက်ဆောင် အစီအစဉ် ရပ်ထားတာ မလီကြောင့်ပါ။ သူနဲ့ပါတ်သက်ပြီး အမှတ်တရ စကားပြောဖို အစီအစဉ် ရှိပါတယ်။ သူအပစ်ခံရပြီးချိန်ကစလို အခြေအနေကို စောင့်ကြည့် နေတာပါ။ တရားခံတွေမိပြီး နောက်နေ့သူကွယ်လွန်သွားတော့ စိတ်မကောင်းဖြစ်နေတာနဲ့ အစီအစဉ်ကို မစဖြစ်တာပါ။ ပြောစရာစကားတွေက ရင်ထဲမှာ အများကြီးရှိနေပါတယ်။ ဒါပေမယ့် ပြောဖို့ ခွန်အားမရှိဘူးဖြစ်နေတယ်။ ဒီအချိန်မှာပြောရင် စိတ်ခံစားမှုကြောင့် မပြောသင့်တဲ့ ဝေါဟာရတွေ ပြောလိုက်မိမှာစိုးလိုပါ။ "မင်းတိုတော်လှန်ရေးက Lee တော်လှန်ရေးလား" လို ပြောချင်တယ်လေ။ ဒါပေမယ့် သတင်းဌာနရဲ့ အယ်ဒီတာချုပ်အနေနဲ့တော့ မပြောသင့်ဘူးမဟုတ်လား။" လို့ သူ့ရဲ့ Telegram channel ကနေ ရေးသားပြောဆိုထားပါတယ်။

ဦးဝင်မော်ဟာ နိုင်ငံရေးအင်အားစုတွေနဲ့ လက်တွဲခဲ့တာကြောင့် နှစ်ရှည်အကျဉ်းကျခံခဲ့ရပြီး လွတ်မြောက်လာချိန်မှာလည်း DVB သတင်းဌာနအတွက် မြန်မာပြည်တာဝန်ခံအနေဖြင့် ဆောင်ရွက်ပေးခဲ့သဖြစ်ပါတယ်။ DVB သတင်းဌာန က ခိုးဝင်ဘင်္ဂလီများကို လူမျိုးလိမ် (ရိုဟင်ဂျာ) အမည်နဲ့ ရေးသားဖော်ပြပေးရမယ်လို့ ငွေကြေးရယူပြီး တိုင်းဖျက် ပြည်ဖျက် လုပ်လာတဲ့အခါမှာ DVB ကနေ ထွက်ခဲ့သူ ဖြစ်ပါတယ်။ NLD အစွန်းရောက် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် တွေက ဦးဝင်မော် ကိုလည်း ပစ်မှတ်ထားနေတာ ဖြစ်တဲ့အတွက် တိမ်းရှောင်နေထိုင်ရသူ ဖြစ်ပါတယ်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)