Pages

Pages

ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက လားရှိုး - မန္တလေး ကားလမ်းပေါ်ရှိ အသောက စက်သုံးဆီဆိုင်ကို လက်ပစ်ဗုံးများဖြင့် ပစ်ပေါက်တိုက်ခိုက်





MNP ၊ ဇွန် ၂၃ 

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိးမြို၊ ရပ်ကွက်(၁)၊ နယ်မြေ(၉)၊ လားရှိး - မန္တလေး သွားကားလမ်းပေါ်ရှိ အသောက စက်သုံးဆီဆိုင်ကို ယနေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက မော်တော်ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံး ၂ လုံးဖြင့် အသောကစက်သုံးဆီဆိုင်အတွင်းသို့ ပစ်ပေါက်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် အသောက စက်သုံးဆီဆိုင်အတွင်းရှိ ဆီပန့် ၊ ဆီအရောင်းကောင်းတာနှင့် Mini Mark ဆိုင်ရှိ မှန်များအား မိုင်းစများထိမှန်ခဲ့ပြီး လူနှင့် တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

ညနေ ၅ နာရီအချိန်တွင် ဆိုင်ပိတ်ထားပြီးဖြစ်ကြောင်း၊ ဆိုင်စောင့်လုံခြုံရေးမှလွဲ၍ အခြားမည်သူမျှမရှိကြောင်း၊ ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက ၂၀၂၂ ခုနှစ်ကုန်ပိုင်းကလည်း အဆိုပါ အသောကဆီဆိုင်အား အနုကြမ်းစီး၍ ငွေများယူသွားခဲ့သည့် ဖြစ်စဉ်မှတ်တမ်းရှိသည်။ 


#MyanmarNationalPost 

No comments:

Post a Comment