မြင်းခြံမြို့နယ်တွင် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက သံဃာတော်တစ်ပါးကို သတ်လိုက်ကြပြန်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြင်းခြံမြို့နယ်တွင် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက သံဃာတော်တစ်ပါးကို သတ်လိုက်ကြပြန်ပြီ



MNP ၊ ဇွန် ၁၇

မြင်းခြံမြိုနယ်၊ ဇရပ်ကြီးကျေးရွာအုပ်စု၊ ထန်းပင်ကန်ကျေးရွာအဝင်တွင် သံဃာတော်တစ်ပါးအား ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရာသို့ ၆ နာရီခွဲဝန်းကျင်းက ရောက်ရှိသွားခဲ့ပြီး ဇရပ်ကြီး - ထန်းပင်ကန်သွား ကားလမ်းပေါ်တွင် တောင်သာမြို့၊ အမှတ်(၆)ရပ်ကွက်၊ ရေဝန်းကျောင်းမှ ဦးဇောတိက(၅၁)နှစ်၊ (ဘ) ဦးစံရွှေ၊ သာသနာမှတ်ပုံတင်- ၉/တသန(သ) ၀၀၁၂၈၄သည် TERIOS KID အမျိုးအစား YGN RLG 5707 (ခဲရောင်)ယာဉ်၏ ဘေးတွင် ယာပါးပြင် (၄)လက်မခန့် ပြတ်ရှဒဏ်ရာ(၁)ချက်၊ ဦးခေါင်းယာဘက် ဖောက်ထွက်ဒဏ်ရာ(၁)ချက် ရရှိပြီး ပက်လက်သေဆုံးနေကြောင်းစစ်ဆေးတွေ့ရှိရပြီး သေဆုံးသူ ဦးဇောတိက၏ အလောင်းအား တောင်သာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းခဲ့ရာ သေဆုံးသူ ဦးဇောတိကသည် ၁၆-၆-၂၀၂၃ ရက်နေ့ ညနေ ၅ ၃၀ အချိန်ခန့်တွင်

တောင်သာမြို့၊ အမှတ်(၆)ရပ်ကွက်၊ ရေဝန်းဘုန်းတော်ကြီးကျောင်းမှ တစ်ပါးတည်း TERIOS KID အမျိုးအစား YGN RLG 5707 (ခဲရောင်)ယာဉ်ဖြင့် မောင်းနှင်ထွက်ခွာသွားပြီး ၁၇-၆-၂၀၂၃ ရက်နေ့ ၀၅ ၀၀ အချိန်ခန့်ထိ ရေဝန်းဘုန်းတော်ကြီးကျောင်းသို့ ပြန်လည်ရောက်ရှိလာခြင်းမရှိကြောင်း သိရှိရပြီး ဇရပ်ကြီးကျေးရွာအုပ်စု၊ ထန်းပင်ကန်ကျေးရွာအဝင်တွင် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက ဦးဇောတိကမောင်းနှင်လာသော ယာဉ်အား တားဆီးပြီး ဓါးဖြင့်ခုတ်ကာ သေနတ်ဖြင့် ပစ်သတ်သွားပြီး ဇဗ္ဗူသီရိကျေးရွာဘက်သို ထွက်ခွာသွားကြောင်း စုံစမ်းသိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)