Pages

Pages

ပြည်ဖျက်မိစ္ဆာများဖွဲ့စည်းထားသည့် NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ ဖမ်းဆီးရမိ PDF အကြမ်းဖက်သမားတချို့ ပြစ်ဒဏ်များချမှတ်



MNP ၊ ဇွန် ၂၄

ပြည်ဖျက်မိစ္ဆာများဖွဲ့စည်းထားသော NUG(NLD) အကြမ်းဖက်အဖွဲ့သည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်လျက်ရှိပြီး PDF အကြမ်းဖက်သမားများထံ လက်နက်ခဲယမ်းငွေကြေး ထောက်ပံ့ပေးပြီး ၎င်းတို့ လုပ်ကြံသတ်ဖြတ်လိုသူများကို ငွေပေးကာ ကြေးစားအကြမ်းဖက်သမားများအဖြစ် အသုံးချနေသည့်အပေါ် နစကအစိုးရက သတ်ဖြတ်မှုများ မဖြစ်ပေါ်စေရန် လက်နက်များအပ်နှံ၍ ဥပဒေဘောင်အတွင်း ဝင်ရောက်မည်ဆိုပါက လက်နက်အမျိုးအစားပေါ်မူတည်၍ ဆုငွေများ ချီးမြှင့်ပေးလျက်ရှိသည်။

ပြည်ဖျက်မိစ္ဆာများ၏ ငွေပေးခိုင်းစေမှုများကို လိုက်ပါလုပ်ဆောင်လျက်ရှိသော အကြမ်းဖက်သမားများထဲမှ ဖမ်းဆီးရမိသူများကို ၂၂-၆-၂၀၂၃ ရက်နေ့ က သက်ဆိုင်ရာတရားရုံးများတွင် ပြစ်ဒဏ်များချမှတ်ခဲ့သည်။

ချောင်းဦးမြို့နယ်၊ နွယ်ခွေကျေးရွာတွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ရက် စာမျာနှာပေါ်တွင် ဆူပူဆန္ဒပြခြင်း Post တင်ခြင်းနှင့် အကြမ်းဖက်သမားများကို အားပေးသည့် Postများအား Shareခြင်းများ ပြုလုပ်ခဲ့သူ တရားခံ မြင့်ဇော်(ခ)ဘောစိန် အား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ အလုပ်နှင့် ထောင်ဒဏ်(၂)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ချောင်းဦးမြို့၊ နေရှင်နယ်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ရက် စာမျာနှာပေါ်တွင် ဆူပူဆန္ဒပြခြင်း Post တင်ခြင်းနှင့် အကြမ်းဖက်သမားများကိုအားပေးသည့် Postများအား Shareခြင်းများ ပြုလုပ်ခဲ့သူ တရားခံ ကျော်သူ အား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ အလုပ်နှင့် ထောင်ဒဏ်(၂)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

အလားတူ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ရက် စာမျက်နှာပေါ်တွင် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အကြီးအကဲများအား အကြည်ညိုပျက်စေရန်၊ ဂုဏ်သိက္ခာညှိးနွမ်းစေရန် ရေးသားခဲ့ခြင်း၊ နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့များအဖြစ် တရားဝင်ထုတ်ပြန်ထားသော NUG၊ CRPH၊ PDF အဖွဲအစည်းများအား ထောက်ခံအားပေး ရေးသားထားသော စာများအား မျှဝေထားသည့် တရားခံ မစန္ဒာလင်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ထို့အတူ ပုလဲမြို့နယ်၊ ကိုးပင်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး ဆူပူဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ခြင်း၊ PDF အကြမ်းဖက်အဖွဲ့များနှင့် ချိတ်ဆက်မှုရှိခြင်းနှင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင်  PDF အကြမ်းဖက်သမားများကို အားပေးထောက်ခံ့သည့် ရုပ်သံများနှင့် ဓါတ်ပုံများအား ပြန်လည်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ ရာဇာအောင်အား အကြမ်းဖက်မှုတိုက်ဖျုက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ်၊ ၅၂(ခ)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် (တစ်ပေါင်းတည်း) ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


#MyanmarNationalPost 


No comments:

Post a Comment