Pages

Pages

စစ်ကိုင်းမြို့၊ ကင်းတော်ရွာအနီးရှိ ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက် စခန်းအား ရှင်းလင်းဖယ်ရှား၊ အကြမ်းဖက်သမားများအား အသေဖမ်းဆီးရမိ







MNP ၊ ဇွန် ၂၅

 စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာအနီးတွင် ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ ခိုအောင်းနေကြောင်း တာဝန်သိပြည်သူ၏ သတင်းပေးချက်အရ ယနေ့ နံနက် ၅ နာရီခွခန့်တွင် လုံခြုံရေးအဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းခဲ့ရာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ ၁၂ဦး အသေဖမ်းဆီးရမိပြီး ၎င်းတို့ စခန်းချနေထိုင်သည့် လူနေတဲ ၂ လုံး၊ အမ်-၂၂ သေနတ် ၁၂ လက်၊ ၄၀ မမ ဆုံလည် ၁ လက်၊ ၇၉ ဗုံးပစ်လောင်ချာ ၁ လက်၊ စနိုက်ပါ ၁ လက်၊ အမ်-၂၂ ကျည် ၄၉၅၀ တောင့်၊ ၇.၆၂ ကျည် ၅၉ တောင့်၊ ၁၀၇ မမ ရှော့တိုက်ဒုံးသီး ၂ လုံး၊ ၄၀ မမ ဗုံးသီး ၈၀ လုံး၊ ကျည်အိမ် ၃၃ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ပြောက်ကျားယူနီဖောင်း ၁၂ စုံ၊ အိုင်ကွန် ၁ လုံး၊ အိုင်ကွန် အထိုင်စက် ၁ စုံ၊ အီကွေ့မန့် ၃ စုံတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


(မှတ်ချက် - အထက်ပါဖြစ်စဉ်ကဲ့သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများအား မလွဲသာမရှောင်သာ နှိမ်နင်းရသည့်အခါ ပြည်ဖျက်မီဒီယာများဖြစ်ကြသည့် BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now ကဲ့သို့သော ပြည်ဖျက်မီဒီများက အပြစ်မဲ့ ပြည်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်နေသယောင် လုပ်ကြံဖန်တီး ရေးသားဖော်ပြတတ်ပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်မဲ့ပြည်သူများအား နည်းမျိုးစုံဖြင့် အတိဒုက္ခရောက်အောင် လုပ်ဆောင်နေသည့် NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများကို ရှင်းလင်းခဲ့ခြင်း ဖြစ်ပါသည်။)


#MyanmarNationalPost 

No comments:

Post a Comment