Pages

Pages

ရွှေဘိုမြို့နယ်တွင် NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ၏ လက်ချက်ဖြင့် အပြစ်မဲ့ ပြည်သူ ၃ဦး ထိခိုက်ဒဏ်ရာရရှိ





MNP ၊ ဇွန် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို၊ အမှတ်(၅)ရပ်ကွက်၊ မင်းရပ်ရှိ ရွှေဘိုမြိုပြည်သူ့ဆေးရုံသို့  ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် မိုင်းစထိမှန်ဒဏ်ရာရရှိသူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ရောက်ရှိနေကြောင်း သတင်းရရှိ၍ လုံခြုံရေးအဖွဲဝင်များမှ သွားရောက် စစ်ဆေးခဲ့ရာ ဦးထွေးနှင့် ဒေါ်သီခိုင် တည်သီးတောကျေးရွာနေသူတို့သည် ရွာမြောက်ဘက် (၁)မိုင်ခန့်အကွာ လယ်တောသိုသွားစဉ် အကြမ်းဖက် PDF ပဒက်များ ထောင်ထား သော လက်လုပ်မိုင်း(၁)လုံး နင်းမိပေါက်ကွဲခဲ့ပြီး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ 

ဦးတိုးအောင် ခွန်တောင်ကြီးကျေးရွာနေသူသည် ကျေးရွာအနီးရှိလယ်ကွင်း၌ လယ်ယာလုပ်ငန်းလုပ်ကိုင်နေစဉ် NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ ရမ်းသမ်းပစ်ခတ်ခဲ့သော လက်လုပ် စိန်ပြောင်း ၂ လုံး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ လက်ချက်ဖြင့် စားဝတ်နေရေးအတွက် သမားရိုးကျ လုပ်ကိုင်စားသောက်နေသော အပြစ်မဲ့ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost 

No comments:

Post a Comment