Pages

Pages

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကို လုပ်ကြံသတ်ဖြတ်လိုက်ကြပြန်ပြီ



MNP ၊ ဇွန် ၂၃

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်၊ စီ-၁ လမ်းနှင့် စိန်ပန်းလမ်းထောင့်တွင်  ယနေ့ ည (၇ ၁၀)နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးအား ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက လုပ်ကြံ သတ်ဖြတ်သွားကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးလှကြည် (၇၇)နှစ် သည် ယာဉ်အမှတ် YGN -11 4H-2351 Toyota Surf အဖြူရောင်ယာဉ်ဖြင့် အပြင်မှ နေအိမ်သို့ ပြန်လာစဉ် စီ-၁ လမ်းနှင့် စိန်ပန်းလမ်းထောင့်အရောက်၌ ဆိုင်ကယ်(၁)စီးဖြင့် PDF အကြမ်းဖက်သမား ၂ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် 4H-2351 Toyota Surf ယာဉ်၏ ယာဘက် ရှေ့ လေကာမှန်ကွဲအက်ပျက်ဆီး၊ ဝဲဘက် ရှေ့လေကာမှန်တွင် ကျည်ဖောက်ဝင်ရာ (၃)ခု၊ ဝဲဘက် အလယ် လေကာမှန်တွင် ကျည်ဖောက်ဝင်ရာ (၃)ခု တွေ့ရှိခဲ့ပြီး ဦးလှကြည် ၌ ယာရင်ဘတ် ထိမှန်ဒဏ်ရာ (၂)ချက်၊ ယာနံဘေး ထိမှန်ဒဏ်ရာ (၁)ချက်၊ ဝဲရင်ဘတ်ထိမှန်ဒဏ်ရာ(၁)ချက်(စိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ 4H-2351 Toyota Surf မှာလည်း လမ်းထောင့်ရှိ လမ်းဘေးသို့ ထိုးဆင်းခဲ့ကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှ LUGER ကျည်ခွံ (၁၂)ခု တွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ဦးလှကြည်အား ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ဦးလှကြည်မှာ (၈ ၀၅) မိနစ်ခန့်က ဆုံးပါးသွားကြောင်း သိရသည်။


#MyanmarNationalPost 

No comments:

Post a Comment