ပေါင်းတည်မြို့နယ်အတွင်းရှိ ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်စခန်းတစ်ခုအား ရှင်းလင်း ဖယ်ရှား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်းတည်မြို့နယ်အတွင်းရှိ ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်စခန်းတစ်ခုအား ရှင်းလင်း ဖယ်ရှား



MNP ၊ ဇွန် ၂၅

ပေါင်းတည်မြို့နယ်၊ လက်ပံခုံရွာအနီး ဝဲကြီးဆည်ဘက်တွင် ဇွန်လ ၂၄ ရက်၊ နေ့လည် ၂ နာရီခန့်က နယ်မြေရှင်းလင်းရာ ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်စခန်းတစ်ခုအားတွေ့ရှိသဖြင့် ရှင်းလင်းဖယ်ရှားပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စခန်းမှ PDF အကြမ်းဖက်သမားများကို အရှင်ဖမ်းဆီးရမိထားပြီး ၁၂ ဗို့/ တူမီးသေနတ် ၉ လက်၊  သံပိုက်ဖြင့်ပြုလုပ်ထားသော မိုင်း ၁၀ လုံး၊ စကားပြောစက် ၂ လုံး၊ ဆိုင်ကယ် ၃ စီး၊ အထိုင်ဖုန်း ၁ လုံး၊ ခဲဖူး/ ယမ်း ၅ ဗူး၊ ဆန် ၃ အိတ်၊ ဆီ ၃ ပိဿာ၊ ဆက်စပ်ပစ္စည်းများ၊ လူနေတဲ ၄ လုံး တို့အား သိမ်းပိုက်ရရှိခဲ့ပြီး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများအား စစ်ဆေးမေးမြန်း၍ ဆက်စပ် အကြမ်းဖက်သမားများကို ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)