Pages

Pages

ခရီးသည်တင်ယာဉ်ကို ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်၊ ကလေးငယ် ၁ဦး အပါအဝင် ၇ဦး မိုင်းစထိမှန် ဒဏ်ရာရ










MNP ၊ ဇွန် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ထနောင်းကျေးရွာအနီးတွင် ယမန်နေ့ နေ့လယ် ၁၂နာရီခွဲခန့်က ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကလေးငယ် ၁ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၇ ဦး မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ကလေးမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲနေသည့် ခရီးယာဉ် ၁ စီးသည် ခရီသည်များ တင်ဆောင်၍ ထွက်ခွာလာခဲ့ရာ ခင်ဦးမြို့နယ် မြစ်ကြီးနား-ရွှေဘိုလမ်း ထနောင်းကိုင်းလေး ကျေးရွာလမ်းဆုံ အရောက်၌ ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့သော အပြစ်မဲ့ ပြည်သူများအား ဆေးရုံးသို့ ပို့ဆောင်ကာ ဆေးကုသမှုဆောင်ရွက်ပေးထားကြောင်း သိရသည်။


#MyanmarNationalPost 

No comments:

Post a Comment