Pages

Pages

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့က ဒူးမထောက်ရ လက်မမြှောက်ရ ဟု ဆိုသဖြင့် PDF အကြမ်းဖက်သမားများ ဝမ်းလျားမှောက်၍ အသေခံကာ လက်နက်ချ




MNP ၊ ဇွန် ၂၈

တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လုပ်ကြံဖန်တီး ပြောဆိုမှုများကို နားယောင်၍ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသော PDF အကြမ်းဖက်သမားများ ၁၄ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်း က စစ်ကိုင်းမြို့မြောက်ဘက်၊ မတ္တရာမြို့အနောက်ဘက် ဧရာဝတီမြစ် အနောက်ဘက် စဉ့်ကိုင်နှင့် တလိုင်းကျွန်းရွာကြား စစ်ကိုင်း - ရွှေဘို မဟာဗျူဟာလမ်းပေါ်တွင် အကြမ်းဖက်နှိမ်နင်းရေး ကွန်မန်ဒိုအဖွဲ့က PDF အကြမ်းဖက်သမား ၁၄ ဦး ကို အသေဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများထံမှ စနိုက်ပါ ၁ လက်၊ Type 81 ၇ လက်၊ KA 25 ၃ လက်၊ SIG Sauer P 320 ၁ လက်၊ လက်ပစ်ဗုံး ၁၀ လုံး၊ အိုင်ကွန် ၆ လုံး၊ လက်လုပ်ဗုံး အများအပြား သိမ်းဆည်းရမိခဲ့ပြီး အကြမ်းဖက်နှိမ်နင်းရေး တာဝန်ထမ်းဆောင်စဉ် ကွန်မန်ဒိုစစ်သည် ၁ ဦး ဒဏ်ရာရ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့ဦးဆောင်သူများ က ကမ္ဘာပတ် သူတောင်းစားလုပ်၍ ဝယ်ပေးထားသည့် လက်နက်ခဲယမ်းများကို PDF အကြမ်းဖက်သမားများက အသေခံ၍ ကွန်မန်ဒိုတပ်ဖွဲ့ဝင်များထံ အပ်နှံပေးသွားခဲ့သည်။


(ပြည်ဖျက်မီဒီယာများဖြစ်ကြသည့် BBC, VOA, RFA, DVB, Mizzima, The Irrawaddy, Khit Thit, Myanmar Now ကဲ့သို့သော သတင်းဌာနများ က လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများကို နှိမ်နင်းလျှင် ပြစ်တင်ဝေဖန်ကာ ရေးသားဖော်ပြလျက်ရှိပြီး ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာကို လုပ်ကြံသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်များကို ထိန်ချန်ဖုံးကွယ် ရေးသားဖော်ပြကြသည်။)

#MyanmarNationalPost 

No comments:

Post a Comment