ကနီမြို့နယ်အတွင်း က ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့များကို အမြန်ဆုံး ရှင်းလင်းပေးစေလို (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကနီမြို့နယ်အတွင်း က ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့များကို အမြန်ဆုံး ရှင်းလင်းပေးစေလို (အိတ်ဖွင့်ပေးစာ)



ကနီမြို့နယ်အတွင်းမှာ ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့မျိုးစုံ သက်ဆိုးရှည်နေပါတယ်။ ရမ်းကားပြီး မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်ခဲ့တာတွေလည်း အင်မတန်များလှပါပြီ။ ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့မျိုးစုံဟာ ကင်း၊ ပဲခင်းမ၊ ပါဟဲ၊ ခုံကြီး၊ နံစု စတဲ့ရွာတွေက ထွက်ရှိနေတဲ့ ရေနံနဲ့ သစ်တောထွက်ပစ္စည်းများ၊ ဆယ်ရွာဒေသနဲ့ ယာကြီးတခွင်က  သစ်တောကြီးများကို ကြီးစိုးပြီး တရားမဝင်ရေနံခိုးတူးနေခြင်း၊ သစ်မျိုးစုံခိုးထုတ်နေကြပါတယ်။ ယင်းမာပင်ခရိုင် အတွင်းမှာရှိတဲ့ ကနီ ပဒက်တွေဟာ တော်လှန်ရေးအကြောင်းပြုပြီး သူတို့ရဲ့ရှေ့ဆောင်လမ်းပြ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားနေသူများဖြစ်ကြတဲ့ မင်းကိုနိုင်၊ ဇော်ဝေစိုး၊ မျိုးရန်နောင်သိန်း၊ ဖာဆယ်လို တို့ကဲ့သို့ပင် တော်လှန်ရေးအကြောင်းပြုပြီး ကိုယ်ကျိုးရှာနေကြခြင်းသာ ဖြစ်ပါတယ်။

အဓိက တင်ပြလိုတာက လုံခြုံရေးကိစ္စပါ။ ပြီးခဲ့တဲ့ဇွန် ၂၄/၂၅ရက်ကလည်း ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားများဟာ ကနီမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့အစွန်ကို ညပိုင်းတွေမှာ ရောက်လာပြီး မြို့တွင်းသို့ ရမ်းသမ်းပစ်ခတ်မှုတွေ ၂ရက်ဆက်တိုက်လာပစ်ကြပါတယ်။

အခုလည်း ပဒက်တွေဟာ ကနီမြို့ကို ဇွန်လ၂၈(သို့မဟုတ်)ဇူလိုင်  ၃ ရက်မှာ လာတိုက်ဖို့ သင်္ဂဒုံချောင်ဒေသ၊ ပါဟဲရွာမှာအစည်းအဝေးလုပ်ကြတယ်လို့ သိရပါတယ်။ အဲသလိုအသံတွေ အကြိမ်ကြိမ်ကြားရတိုင်း ဒေသခံတွေဟာ အကြိမ်ကြိမ်စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်နေကြရပါတယ်။

နိုင်ငံတော်အကြီးအကဲများအနေဖြင့် အကြမ်းဖက်အဖွဲ့များအပေါ် စာနာညှာတာသည်ကို မပြောလိုသော်လည်း ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားများကတော့ လက်နက်မဲ့ ရဟန်းရှင်လူပြည်သူများအပေါ် မည်သူ့ကိုမျှ ညှာတာထောက်ထားသည်ဟု မရှိပါ။ ၂၈-၆-၂၀၂၃ ရက်နေ့မှ စ၍ အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် သတင်းထွက်ပေါ်နေသည့်အပေါ် တာဝန်ရှိသူများအနေဖြင့် ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့ရဲ့ လက်ပါးစေ PDF အကြမ်းဖက်သမားများကို အချိန်မီနှိမ်နင်းပေးနိုင်ပါရန်နှင့် ဥပဒေဘောင်အတွင်း နေထိုင်ကြသော ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။


ဒေသခံပြည်သူတစ်ဦး

#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)