ကလေးမြို့တွင် ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ ထောင်ထားသော လက်လုပ်မိုင်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးမြို့တွင် ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ ထောင်ထားသော လက်လုပ်မိုင်းများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ရှင်းလင်း


MNP ၊ ဇွန် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ပေါ်တွင် ပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်ရေးအတွက် လှည့်ကင်းဆောင်ရွက်နေသော လုံခြုံရေးအဖွဲဝင်များသည် ယမန်နေ့ နေ့လည်ပိုင်းက လှည့်ကင်းဆောင်ရွက်နေစဉ် ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ ထောင်ထားသော လက်လုပ်မိုင်းများအား ဖော်ထုတ်ရှင်းလင်း ပေးခဲ့ကြောင်း သိရသည်။

ကလေးမြို့၊ တောင်ဖီလာရပ်ကွက်၊ ကြိမ်နွဲလမ်းမပေါ်၌ ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူများအား ထိခိုက် သေကြေစေရန် ရည်ရွယ်၍ ကောက်ကျစ်ယုတ်မာစွာ ထောင်ထားသော လက်လုပ်မိုင်း ၂ လုံးအား တွေ့ရှိခဲ့ပြီး လုံခြုံရေးအဖွဲဝင်များက စနစ်တကျ ဖောက်ခွဲဖျက်ဆီးခဲ့ပြီး ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)