MNP ၊ ဇွန် ၁၁
ပဲခူးတိုင်းဒေသကြီး၊ နတ္တလင်းမြို့နယ်တွင် ယမန်နေ့ နေ့လည်ပိုင်းက NUG(NLD) အကြမ်းဖက်အဖွဲ့၏ သြဇာခံ PDF အကြမ်းဖက်သမား ၄ဦး ကို လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်၏ အရှေ့မြောက်ဘက် ဘိုကြီးစခန်းကျေးရွာနှင့် ညောင်လေးပင်ကျေးရွာတစ်ဝိုက်၌ PDF များ ရောက်ရှိခိုအောင်းနေကြောင်း ဒေသခံများရဲ့သတင်းအရ သွားရောက်ရှင်းလင်းရာ မသင်္ကာဖွယ် တဲ ၂ လုံးအားတွေ့ရှိသဖြင့် ဝင်ရောက် ရှင်းလင်းရာ PDF ၆ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါထိတွေ့မှုဖြစ်စဉ်အတွင်း PDF အကြမ်းဖက်သမား ၄ဦအား အသေဖမ်းဆီးရမိပြီး စက်လက် ၁ လက်၊ ကာဘိုင် ၁ လက်၊ ၁၂ ဘိုးလ်သေနတ် ၂ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၁၀၆ တောင့်၊ ပြောက်ကျားယူနီဖောင်း ၂ စုံ၊ ကျောပိုးအိတ် ၃ လုံး၊ ရီမုခလုတ် ၂ ခု၊ ဆိုလာပြား ၄ ချပ်၊ တဲ ၂ လုံး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment