ဂန့်ဂေါမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင် ညီအစ်ကို နှစ်ဦးကို NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်များက ဖမ်းဆီးသတ်ဖြတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဝင် ညီအစ်ကို နှစ်ဦးကို NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်များက ဖမ်းဆီးသတ်ဖြတ်


MNP ၊ ဇွန် ၂၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကုက္ကားကျေးရွာနေသူများဖြစ်ကြသော ဦးတင်ဦး (၆၃ နှစ်)တောင်သူ နှင့် ဦးသန်းဝင်း( ၅၀ နှစ်)တောင်သူ တို့ ညီအစ်ကိုနှစ်ဦးသည် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ရွာအနောက်ဖက် ၃ မိုင်ခန့်အကွာ လယ်ကွင်းသို့ ထယ်ထိုးသွားစဉ် NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်များက ဖမ်းဆီးခေါ်ဆောင်သွားပြီး သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

ဟံသာဝတီနှင့် ကုက္ကားပြည်သူ့စစ်များ ပူးပေါင်းကာ အလောင်းသွားရောက်ကောက်ယူပြီး ယနေ့တွင် မိသားစုများနှင့်အတူ သုဿန်သို့ပို့ဆောင် သင်္ဂြိုလ်ခဲ့ကြောင်း၊ ၎င်းညီအစ်ကိုနှစ်ဦးသည် ပြည်ခိုင်ဖြိုးပါတီဝင်များဖြစ်သလို ပါတီအောင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်သူပါတီဝင်များဖြစ်ကြောင်း၊ ပြည်သူ့စစ်အဖွဲ့ဝင် ဦးညီထွေး ၏ အကိုများဖြစ်ကြကြောင်း၊ ကုက္ကားကျေးရွာသည် ပြည်သူ့စစ်အားကောင်းသောရွာဖြစ်သော်လည်း လက်နက်များ ထပ်မံဖြည့်ဆည်း တပ်ဆင်ပေးရန် လိုအပ်နေသေးကြောင်း၊ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်များက ကျေးရွာ အဝင်၊ အထွက် လမ်းများတွင် ပိတ်စို့ထားခြင်းကြောင့် ရွာသူ/ရွာသားများ စားနပ်ရိက္ခာ ဝယ်ယူရန် အခက်အခဲရှိနေသော ကျေးရွာဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)