ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့ဦးဆောင်သူများက ၎င်းတို့နိုင်နေသယောင် အာချောင်နေကြသော်လည်း ၎င်းတို့၏ သြဇာခံ အကြမ်းဖက်သမား၊ အကြမ်းဖက်လှုံ့ဆော်သူများအား သက်ဆိုင်ရာမြို့နယ်များတွင် ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့ဦးဆောင်သူများက ၎င်းတို့နိုင်နေသယောင် အာချောင်နေကြသော်လည်း ၎င်းတို့၏ သြဇာခံ အကြမ်းဖက်သမား၊ အကြမ်းဖက်လှုံ့ဆော်သူများအား သက်ဆိုင်ရာမြို့နယ်များတွင် ပြစ်ဒဏ်အသီးသီးချမှတ်



MNP ၊ ဇွန် ၁၅

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့ဦးဆောင်သူများအနေဖြင့် ပြည်ဖျက်မီဒီယာများနှင့် ဆက်သွယ်၍ ၎င်းတို့နိုင်နေသယောင် အာချောင်နေကြသော်လည်း ၎င်းတို့၏ သြဇာခံ အကြမ်းဖက်သမား၊ အကြမ်းဖက်လှုံ့ဆော်သူများအား မှာ တည်ဆဲဥပဒေများကို ချိုးဖောက်၍ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့ခြင်းကြောင်း ဖမ်းဆီးထိန်းသိမ်းခံနေရပြီး သက်ဆိုင်ရာမြို့နယ်များတွင် ပြစ်ဒဏ်အသီးသီးချမှတ်လျက်ရှိကြောင်း သိရသည်။


ယမန်နေ့က မုံရွာမြို့၊ မိုးညိုရပ်ကွက် (အလုံ)တွင် နေထိုင်လျက်ရှိပြီး ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခဲ့ခြင်းနှင့် တပ်မတော်လေယာဉ်များ ပျံသန်းသွားလာမှုအား PDF အကြမ်းဖက်များ ထံ ဖုန်းဖြင့် ဆက်သွယ်သတင်းပို့ခြင်းတို့အား ကျူးလွန်ခဲ့သူ တရားခံ နေမျိုးကိုကို(ခ) နဒီကိုကိုအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


ယင်းမာပင်မြို့နယ်၊ အင်းပတ်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး ဆန္ဒပြမှုများတွင် ပါဝင်ခြင်း၊ PDF အကြမ်းဖက်သမားများက ဖွင့်လှစ်သည့် အခြေခံစစ်သင်တန်းနှင့် ရှေးဦးသူနာပြု သင်တန်းအား ၄ ရက် တက်ရောက်ခဲ့ခြင်းနှင့် ညသပိတ်ဆင်နွဲထားသည့် မှတ်တမ်းဓာတ်ပုံများ လူမှုကွန်ရက်ပေါ်တွင် ထပ်ဆင့်မျှဝေထားခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ ချမ်းအေး(ခ)ချမ်းငြိမ်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


ချောင်းဦးမြို့နယ်၊ အမြင့်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDFအကြမ်းဖက်သမားများ၏ သွားလာလှုပ်ရှားမှုများအား အကြိမ်ကြိမ်တွေ့ရှိသော်လည်း သက်ဆိုင်ရာသို့ သတင်းပေးပို့ရန် ပျက်ကွက်ခဲ့သူ တရားခံ ချိုမင်းထွန်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


မုံရွာမြို့၊ နတ်လူထိပ္ပန်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး pdf အကြမ်းဖက်အဖွဲများ နှင့်အတူ မုံရွာမြိုပေါ်တွင် အသံမိုင်း ၂ ကြိမ် ဖောက်ခွဲခဲ့ခြင်းနှင့် အကြမ်းလုပ်ငန်းများတွင် အသုံးပြုရန်အတွက် လက်လုပ်သေနတ်ပြုလုပ်နည်းအား Youtube တွင် ဝင်ရောက် ကြည့်ရှု၍ Video မှတ်တမ်းအား ဖုန်းအတွင်း သိမ်းဆည်းထားခြင်းတို့အား ကျူးလွန်ခဲ့သူ တရားခံ သီဟနိုင်(ခ)အာနိုးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ၊ ပုဒ်မ ၅၁(ဂ)အရ အလုပ်နှင့် ထောင်ဒဏ်(၆)နှစ် (တစ်ပေါင်းတည်း)ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


ခင်ဦးမြို့နယ်တွင် နေထိုင်လျက်ရှိပြီး လုံခြုံရေးအဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားမှုများကို PDF အကြမ်းဖက်သမားများထံ သတင်းပေးခဲ့သူ တရားခံ စည်သူဖြိုး အား  စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။


ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး လှုမှုကွန်ရက်ပေါ်တွင် ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန် မဟုတ်မမှန် သတင်းများ ရေးသားပြီး အကြမ်းဖက်မှုများဖြစ်ပေါ်စေရန် ရေးသားဖြန့်ဝေသူ  တရားခံ စိုင်းသီဟအောင်(ခ)ငစိုင်း အား  စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၁၂၄-က အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂၀ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။


ရွှေဘိုမြို့နယ်တွင် နေထိုင်လျက်ရှိပြီး လှုမှုကွန်ရက်ပေါ်တွင် ပြည်သူများ စိုးရိမ်ထိတ်လန့်စေရန် မဟုတ်မမှန် သတင်းများ ရေးသားဖြန့်ဝေသူ  တရားခံ နောင်နောင် အား  စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။


စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ သြဇာခံ အကြမ်းဖက်သမားများအား စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သူ (၁၃၈) ဦးအား ပြစ်ဒဏ်များချမှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)