Pages

Pages

ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ ရေးဘီလူးအဖွဲ့၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၁ဦး သေဆုံး၊ ၁ဦး ထိခိုက်ဒဏ်ရာရ



MNP ၊ ဇွန် ၂၆

မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့၊ ဒူးယားကျေးရွာအုပ်စု၊ မြို့ဟောင်းကုန်းရပ်တွင် ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ ရေးဘီလူးအဖွဲ့၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၁ဦး သေဆုံး၊ ၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရေးမြို့၊ ဒူးယားကျေးရွာအုပ်စု၊ မြို့ဟောင်းကုန်းရပ်နေ စိုးအောင် (၆၄)နှစ်၊ ကျဘမ်းလုပ်ကိုင်သူသည် ကျေးရွာအတွင်းရှိ နာရေးလိုက်ပါပိုဆောင်စဉ် မြိုဟောင်းကုန်းသင်္ဂြိုင်းကုန်းအရောက်၌  ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ ရေးဘီလူးအဖွဲ့မှ အဖွဲ့ဝင်(၂)ဦးတိုသည် ဆိုင်ကယ်(၁)စီးဖြင့် ရောက်ရှိလာပြီး အသင့်ယူဆောင်လာသည့် ၉မမ ပစ္စတို သေနတ်ဖြင့် (၁၀)ချက်ခန့်ပစ်ခတ်၍ အဘော်ကျေးရွာဘက်သို မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ ယင်းသိုပစ်ခတ်မှုကြောင့် စိုးအောင် တွင် လည်ပင်းဝဲဘက် ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ မေးစေ့အောက် ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ဝဲ/ယာရင်အုံ ကျည်ဖောက်ထွက်ဒဏ်ရာ(၄)ချက်၊ ဝဲခါး ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊  ကျောကုန်းကျည်ဖောက်ဝင်ဒဏ်ရာ(၃)ချက်၊ ယာပေါင်ကျည်ဖောက် ဝင်ဒဏ်ရာ(၁)ချက်တို့ရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အတူ နာရေးလိုက်ပါ ပိုဆောင်သူများအနက်မှ မဇင်မာနွယ်(၃၀)နှစ် ရေးမြို့နယ်၊ ဓမင်းကုန်းရပ်၊ အစင်စံပြကျေးရွာတွင် နေထိုင်သူမှာ ဝဲဘက်ဒူး ကျည်ဖောက်ဝင်ဒဏ်ရာ(၁)ချက်၊ ဝဲဘက်ပေါင် ကျည်ဖောက်ထွက် ဒဏ်ရာ(၁)ချက် (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ အကြမ်းဖက်သမားများသည် အပြစ်မဲ့ ပြည်သူများအား ပစ်မှတ်ထား၍ တိုက်ခိုက်နေကြပြီး ယခုလကုန်ပိုင်းတွင် လူထုအား အကြောက်တရားဖြင့် ခြိမ်းခြောက်နိုင်ရန် လူစည်ကားရာနေရာများတွင် တိုက်ခိုက်ရန် NUG အဖွဲ့က ၎င်းတို့၏ လက်ပါးစေအကြမ်းဖက်သမားများအား ညွှန်ကြားထားကြောင်း သတင်းများထွက်ပေါ်လျက်ရှိရာ ပြည်သူများအနေဖြင့် အကြမ်းဖက်သမားများအန္တရာယ်ကို အထူးသတိပြု ရှောင်ရှားနိုင်ပါရန် အသိပေးတင်ပြအပ်ပါသည်။


#MyanmarNationalPost 

No comments:

Post a Comment