ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ ဖမ်းဆီးရမိ အကြမ်းဖက်သမားများအား ပြစ်ဒဏ်ချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ ဖမ်းဆီးရမိ အကြမ်းဖက်သမားများအား ပြစ်ဒဏ်ချမှတ်


MNP ၊ ဇွန် ၂၇

ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့များသည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ၎င်းတို့၏ ဝါဒဖြန့်မီဒီယာများမှာ နည်းမျိုးစုံဖြင့်လှုံ့ဆော်လျက်ရှိပြီး ပြည်တွင်းရှိ ၎င်းတို့၏ လက်ပါးစေ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်မဲ့ ပြည်သူများအား လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိရာ အစိုးရ တာဝန်ရှိသူများအနေဖြင့် အကြမ်းဖက်နှိမ်နင်းရေးကို အလေးထားလုပ်ဆောင်နေရပြီး ဖမ်းဆီးရမိ အကြမ်းဖက်သမားများကို ၂၆-၆-၂၀၂၃ ရက်နေ့က သက်ဆိုင်ရာတရားရုံးများတွင် ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ပြည်ပြေး ဝရမ်းပြေး NUGနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲများနှင့် လူမှုကွန်ရက်စာမျက်နှာမှ တဆင့်  ဆက်သွယ်ဆောင်ရွက်လျက်ရှိသော တရားခံ ထွန်းထွန်းခိုင် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၅)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်အတွင်းရှိ PDF အကြမ်းဖက်အဖွဲ့များနှင့် ချိတ်ဆက်ပြီး ပခုက္ကူမြို့နယ်အတွင်း PDFအကြမ်းဖက်သမားများအား ဆေးကုသပေးနိုင်ရေး ပစ္စည်းများပေးပို့ ဆောင်ရွက်ခဲ့သူ တရားခံ မဝင်းရွှေရည်အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၅)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

အလားတူ ပခုက္ကူမြို့၊ အမှတ်(၈)ရက်ကွက်တွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်အတွင်းရှိ PDF အကြမ်းဖက်အဖွဲ့များနှင့် ချိတ်ဆက်ပြီး ပခုက္ကူမြို့နယ်အတွင်း PDFအကြမ်းဖက်သမားများအား ဆေးကုသပေးနိုင်ရေး ပစ္စည်းများပေးပိုခဲ့ရာ ကားဂိတ်သို့ သွားရောက်ထုတ်ခဲ့သူ တရားခံ မသုဝေထွေးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၅)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

စိုင်ပြင်မြို့၊ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး  အများပြည်သူများ ထိတ်လန့်ကြောက်ရွံစေရန် တူမီး/ဂတ်စ်သေနတ်နှင့် လက်လုပ်မိုင်းများ စမ်းသပ်ဖော်ခွဲ ပစ်ခတ်ခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ ကျော်ဆန်းလင်း(ခ) ဆန်းလင်းအား ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ အလုပ်နှင့် ထောင်ဒဏ်(၂)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး NUG(NLD) ဦးဆောင်သူများနှင့် အပေါင်းအပါများက လွတ်မြောက်နယ်မြေမှ သွေးထိုးလှုံ့ဆော်လျက်ရှိသည်များကို လိုက်ပါလုပ်ဆောင်၍ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ပါဝင်လုပ်ဆောင်လျက်ရှိသော အကြမ်းဖက်သမားများ၊ အကြမ်းဖက်လှုံ့ဆော်သူများကို ဖမ်းဆီးအရေးယူမှုများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)