Pages

Pages

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများဖွဲ့စည်းထားသော NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ အကြမ်းဖက်သမားများထဲမှ ဖမ်းဆီးရမိသူတချို့ ပြစ်ဒဏ်ချမှတ်


MNP ၊ ဇွန် ၂၂

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများဖွဲ့စည်းထားသော NUG(NLD) အကြမ်းဖက်အဖွဲ့၏ လုပ်ကြံဖန်တီးလှုံ့ဆော်မှုများနောက်တွင် လိုက်ပါ၍ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသော လက်ပါးစေ အကြမ်းဖက်သမားများထဲမှ ဖမ်းဆီးရမိသူတချို့ကို ၂၁-၆-၂၀၂၃ ရက်နေ့က သက်ဆိုင်ရာ တရားရုံးများတွင် ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့၊ ထန်းတောအင်းစပ်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်ဖွဲ့များသို့ ဆက်သွယ်ကာ အားပေးထောက်ပံ့မှုများနှင့် ငွေကြေးထည့်ဝင်ပေးခြင်းနှင့် နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသော PDFအဖွဲ့အား အကြမ်းဖက်အဖွဲ့ဖြစ်ကြောင်း သိလျက်နှင့် အားပေးကူညီခြင်းများ ဆောင်ရွက်ကာ သတင်းပေးပို့ရန် ပျက်ကွက်ခဲ့သူ တရားခံ ဒေါ်မြလေး(ခ)လေးလေး၊ တရားခံ  မစုထွေး၊ တရားခံ  မစုငယ် တို့အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(ခ)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။


ဝက်လက်မြို့နယ်၊ လယ်ကိုင်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး အများပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်ပြားစေရန် အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်နေသော  PDF အကြမ်းဖက်ဖွဲ့များသို့ ဆက်သွယ်ခြင်းနှင့် သက်ဆိုင်ရာသို့ သတင်းပေးရန် ပျက်ကွက်ခဲ့သူ တရားခံ ဝင်းထွန်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(ခ)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


တန့်ဆည်မြို့နယ်၊ တပ်သစ်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး  PDFအကြမ်းဖက်ဖွဲ့များထံသို့ ဝင်ရောက်၍ အကြမ်းဖက်သင်တန်းတက်ရောက်ခဲ့ခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ ခန့်လင်းထွန်း(ခ)တပ်ကျွဲအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။


ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများဖွဲ့စည်းထားသော NUG(NLD) အကြမ်းဖက်အဖွဲ့နှင့် ယင်းတို့၏ လက်ပါးစေများမှာ လွတ်မြောက်နယ်မြေသို့ ထွက်ပြေးတိမ်းရှောင်ကာ မဟုတ်မမှန် ဖန်တီးလှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်လျက်ရှိပြီး ၎င်းတို့၏ တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် လှုံ့ဆော်၊ ဝါဒဖြန့်ချိမှုများနောက်တွင် လိုက်ပါလုပ်ဆောင်လျက်ရှိသော အကြမ်းဖက်သမားများ၊ အကြမ်းဖက်လှုံ့ဆော်သူများမှာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံနေကြရသည်။


#MyanmarNationalPost 

No comments:

Post a Comment