Pages

Pages

ဆားလင်းကြီးမြို့နယ်တွင် ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ အကြမ်းဖက်သမား ၁ဦးအား ထောင်ဒဏ်တစ်သက် ချမှတ်


MNP ၊ ဇွန် ၂၇

ဆားလင်းကြီးမြို့နယ်တွင် ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ အကြမ်းဖက်သမား ၁ဦးအား ၂၆-၆-၂၀၂၃ ရက်နေ့က စစ်ခုံရုံးဖြင့် စစ်ဆေး၍ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော အဖွဲအစည်းအတွင်းသို့ ဝင်ရောက်ခဲ့ပြီး အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းမှန်းသိလျှက်ဖြင့် ပါဝင်ကူညီဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့သည့် တရားခံ မိုးဆွေ အား  စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၀(ည)နှင့် ၅၂(က)အရ ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ကြောင်း သိရသည်။

စစ်အုပ်ချုပ်ရေး (Martial Law) ကြေညာထားသည့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသူများအား စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖြင့် စစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သူ (၁၄၁) ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မအသီးသီးဖြင့် ပြစ်ဒဏ်များချမှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာများဖွဲ့စည်းထားသော NUG(NLD) တို့၏ အကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်ပါဆောင်ရွက်သူများအနေဖြင့် ထိုကဲ့သို့သော ပြစ်ဒဏ်များ ချမှတ်ခံရမည်ဖြစ်သည်။


#MyanmarNationalPost 

No comments:

Post a Comment