မိုးလုံးပြည့် မုသာဝါဒီ NUG(NLD) အကြမ်းဖက်အုပ်စု၏ သရုပ်မှန်ကို ကမ္ဘာကသိစေမည် - MyanmarNationalPost

.com/img/a/

News Agency

Breaking

demo-image

မိုးလုံးပြည့် မုသာဝါဒီ NUG(NLD) အကြမ်းဖက်အုပ်စု၏ သရုပ်မှန်ကို ကမ္ဘာကသိစေမည်

019

တပ်မတော်က ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အစရှိတဲ့ နိုင်ငံတော်တာဝန်အရပ်ရပ်ကို လွှဲပြောင်းတာဝန်ယူ ဆောင်ရွက်ရခြင်းနဲ့ ပတ်သက်လို့ ပြည်သူများကိုလည်း ပွင့်လင်းမြင်သာစွာ ချပြခဲ့သလို ကမ္ဘာကိုလည်း သိစေခဲ့ပါတယ်။

NLD ပါတီအနေနဲ့ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲကြီးမှာ မဲလိမ်မဲခိုးမှုတွေ ကျူးလွန်ခဲ့တာနဲ့ ပတ်သက်လို့ မှတ်တမ်းမှတ်ရာ စိစစ်တွေ့ရှိချက်များကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ထုတ်ဝေပြီး ဖြန့်ဝေပေးရုံမျှမက နိုင်ငံတကာ သံတမန်များကို မှတ်တမ်းတွေပါဝင်တဲ့ memory stick တွေပါ ဖြန့်ဝေပေးခဲ့ပြီး ဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲတွေ ကျင်းပနေစဉ် က သံတမန်များကို ဖိတ်ခေါ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှာ အသေးစိတ်ချပြရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။ 

တပ်မတော်အနေနဲ့ တိုင်းပြည်ရဲ့ အာဏာအရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ က ပေးအပ်တဲ့ တာဝန်ကို ထမ်းဆောင်ခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး မသမာသောနည်းလမ်းနဲ့ ရယူဖို့ ကြိုးစားခဲ့တဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို ထိန်ချန်ပြီး တပ်မတော်ကပဲ အာဏာလုယူသယောင် လုပ်ကြံဖန်တီးပြီး မိုးလုံးပြည့်မုသာဝါဒီများက ဖြန့်ဝေခဲ့ကြပါတယ်။

လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေနဲ့အတူ တပ်မတော်နဲ့ ပြည်သူကြားကို သွေးခွဲရုံမျှ အားမရနိုင်ဘဲ အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်းများစွာကို လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြပါတယ်။

ဒီကနေ့ (၉-၆-၂၀၂၃) ရက်နေ့ သတင်းမှန်ပြန်ကြားရေး က ထုတ်ပြန်တဲ့ သတင်းတစ်ပုဒ်မှာ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့က ဦးဆောင်၍ အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းရေးဆွဲရေး အစည်းအဝေးကျင်းပခဲ့တာကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့က ဦးဆောင်၍ အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ ၃ နှစ်တာ လုပ်ငန်းစီမံချက်အရ အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းရေးဆွဲရေးအစည်းအဝေး (Planning Conference of ADMM-Plus Experts’ Working Group on Counter-Terrorism) ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နှင့် ၇ ရက်တို့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ခါဘရော့ဇ်မြို့၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။

အစည်းအဝေးသို့ မြန်မာ၊ ရုရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ ထိုင်း၊ လာအို၊ အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များက တက်ရောက်ခဲ့ ကြပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ဘရူနိုင်း၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးတွင် ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသည့် မြန်မာနိုင်ငံနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံက အဖွင့်အမှာစကားပြောကြားပြီးနောက် အဖွဲ့ဝင်နိုင်ငံများအကြား အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် ကိစ္စရပ်များ၊ ဒေသတွင်း အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။                                                          

မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဖြစ်ရပ်မှန်များအား အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းရေးဆွဲရေးအစည်းအဝေးသို့ တက်ရောက်သူများ လေ့လာသိရှိနိုင်ရန် အတွက် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေနှင့် NUG ၊ PDF အမည်ခံ အကြမ်းဖက် သမားများက စစ်ဘက်မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များအား အကြမ်းဖက် တိုက်ခိုက် ခဲ့သည့် ဖြစ်စဉ်များနှင့် အထောက်အထားများ၊ NUG အဖွဲ့အား အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ရသည့် အကြောင်းအရင်းများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး လုပ်ငန်းစဉ်များအား အင်္ဂလိပ်၊ ရုရှား၊ တရုတ်ဘာသာတို့ဖြင့်  ထုတ်ဝေထားသည့် စာစောင်၊ ၎င်းစာစောင်ပါ အကြောင်းအရာများပါဝင်သည့် Memory Stick တို့ကို ဖြန့်ဝေပေးခဲ့တယ်လို့ သိရပါတယ်။

သတင်းစာရှင်းလင်းပွဲမှာလည်း NLD ဦးဆောင်သူများ၊ ၈၈ပွင့်လင်း လူ့အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ၊ ပြည်ဖျက်မီဒီယာများရဲ့ အကြမ်းဖက်လှုံ့ဆော်မှု၊ အကြမ်းဖက်လုပ်ရပ်တွေကို ချပြရှင်းလင်းခဲ့ပြီး ဖြစ်သလို မဲလိမ်မဲခိုးမှုတွေကိုလည်း နိုင်ငံတကာ သံတမန်များထံ ဖြန့်ဝေပေးခဲ့ပြီး ဖြစ်ပါတယ်။

တပ်မတော်က နိုင်ငံတော်တာဝန်များကို ဆောင်ရွက်နေတဲ့ ကာလတလျှောက် NLD ဦးဆောင်သူများ၊ နိုင်ငံရေးလုပ်စားသူများ၊ ပြည်ဖျက်မီဒီယာများပူးပေါင်းပြီး CRPH, NUG, PDF အဖွဲ့မျိုးစုံကို ဖွဲ့စည်းပြီး အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ ပြည်ဖျက်မိစ္ဆာအုပ်စုကတော့ အနောက်နိုင်ငံများရဲ့ အားကိုယူပြီး တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ရတာကို ပျော်မွေ့နေကြတာဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အသက်ပေါင်းများစွာကို ရောင်းစားပြီး စီးပွားနေကြသူတွေဆိုရင်လည်း မမှားပါဘူး။

သူတို့ကို လက်နက်၊ ငွေကြေးထောက်ပံ့ပေးပြီး အကြမ်းဖက်လမ်းစဉ်ကို ဖော်ဆောင်ပေးနေတဲ့ အမေရိကန်နဲ့ အပေါင်းအပါတွေကတွေကတော့ NLD ဦးဆောင်သူတွေနဲ့ သူတို့ရဲ့ မွေးစားသား ၈၈ ပွင့်လင်းက ကျောင်းသားအိုကြီးများရဲ့ ရက်စက်ယုတ်မာမှုတွေကို မသိကျိုးကျွန်ပြုနေကြရုံမျှမက အကြမ်းဖက်လှုံ့ဆော်သူတွေကို သူ့နိုင်ထဲမှာ ခိုလှုံခွင့်ပေးထားတယ်ဆိုကတည်းက အဖြေက ရှင်းနေပါပြီ။

အမှန်တရားကို ပျက်ကွယ်ပြုပြီး အကြမ်းဖက်အားပေးလုပ်တဲ့ အမေရိကန်လို နိုင်ငံမျိုးတွေလည်း ရှိမှာပေါ့ဗျာ။ အကြမ်းဖက်လုပ်ရပ်တွေကို ဘယ်အဖွဲ့အစည်းက ကျူးလွန်နေတာလဲဆိုတာကို ကမ္ဘာ့နိုင်ငံများက သိရှိစေဖို့ နစက တာဝန်ရှိသူများရဲ့ ဆောင်ရွက်ချက်ကတော့ တိကျသေချာလွန်းပါတယ်။ ဒါတွေကို လျစ်လျှူရှုနေပြီး အကြမ်းဖက်အဖွဲ့အစည်းတွေကို အားပေးအားမြှောက်လုပ်နေတဲ့ နိုင်ငံတွေကိုတော့ ပြည်သူတစ်ရပ်လုံးက သတိထားကြရမှာ ဖြစ်ပါတယ်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ခါဘရော့ဇ်မြို့မှာ ကျင်းပခဲ့တဲ့ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းရေးဆွဲရေးအစည်းအဝေး မှာ ကမ္ဘာ့အင်အားကြီးနိုင်ငံများအပါအဝင် အာဆီယံဒေသတွင်း နိုင်ငံများကိုပါ မိုးလုံးပြည့် မုသာဝါဒီ NUG(NLD) အကြမ်းဖက်အုပ်စု၏ သရုပ်မှန်ကို ချပြပေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages