MNP ၊ ဇွန် ၁၁
EAOs နယ်မြေများ၌ အကြမ်းဖက်ဖောက်ခွဲမှုသင်တန်းတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့ဝင် ၃ ဦးတို့သည် တူမီးသေနတ် ၂ လက်၊ လက်ပစ်ဗုံး ၁ လုံးတို့နှင့်အတူ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်သို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ယနေ့ နံနက်ပိုင်းက တောင်ကြီးမြို့၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ ထောက်ပံ့ငွေများပေးအပ်ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘများထံ စနစ်တကျပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က PDF အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများထဲတွင် ရောက်ရှိနေသူများ ဥပဒေဘောင်အတွင်းဝင်ရောက်ရန် ဖိတ်ခေါ်ခဲ့ပြီး လက်နက်များအပ်နှံ၍ ဝင်ရောက်လာမည်ဆိုပါက လက်နက်အမျိုးအစားလိုက် ဆုငွေများချီးမြှင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ယနေ့အချိန်ထိ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင် စုစုပေါင်း (၅၃၈)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment