မုံရွာမြိုပေါ်ရှိ နေအိမ်အား ဓားပြတိုက်ရန် ပြင်ဆင်နေသော PDF အကြမ်းဖက်သမားများအား ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြိုပေါ်ရှိ နေအိမ်အား ဓားပြတိုက်ရန် ပြင်ဆင်နေသော PDF အကြမ်းဖက်သမားများအား ဖမ်းဆီးရမိ



MNP ၊ ဇွန်လ ၁၉ 

 မနေ့က နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြိုပေါ်ရပ်ကွက်များတွင်း အများပြည်သူများ အေးချမ်းစွာ နေထိုင်ရေးအတွက် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် လှည့်ကင်းဆောင်ရွက်နေစဉ် ကန်သာဦးရပ်ကွက်ရှိ ရွာတော်ရှင်လမ်း၌ PDF အကြမ်းဖက်သမားများ ရောက်ရှိနေကြောင်း အေးချမ်းစွာနေထိုင်လိုသည့် တာဝန်သိပြည်သူ၏ သတင်းပေးချက်အရ သွားရောက်ရှာဖွေခဲ့ရာ PDF အကြမ်းဖက်သမား နေလင်းဦး၊ ဖြိုးဝင်း တို့အား တွေ့ရှိခဲ့ပြီး ၎င်းတို ၂ ဦး သည် မုံရွာမြိုတွင်းရှိ နေအိမ် ၁ ခုအား ဓားပြတိုက်ရန် ဓားဦးချွန် ၁ ချောင်း၊ ကျောပိုးအိတ် ၁ လုံး၊ လိုင်စင်မဲ့ ဆိုင်ကယ် ၁ စီးတို့နှင့်အတူဖမ်းဆီးရမိခဲ့သည်။

ယမန်နေ့က ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ဈေးရှေ့ရှိ စိန်ရွှေရတနာဆိုင် ကို PDF အကြမ်းဖက်သမားများက သေနတ်ပြ၍ ဝင်ရောက် ဓားပြတိုက်သွားခဲ့ကြပြီး စိန်နှင့်ရွှေ သိန်းပေါင်း (၁၆၆၀၀)ကျော်ဖိုး ဓားပြတိုက် လုယူသွားခဲ့ကြသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)