ပေါက်မြို့နယ်အရှေ့တောင်ပိုင်းတွင် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတို့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ က စာသင်ကျောင်းများကို အကြမ်းဖက်စခန်းများအဖြစ် အသုံးပြုနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်မြို့နယ်အရှေ့တောင်ပိုင်းတွင် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတို့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ က စာသင်ကျောင်းများကို အကြမ်းဖက်စခန်းများအဖြစ် အသုံးပြုနေ



MNP ၊ ဇွန် ၂၁

ပေါက် မြို့နယ်အရှေ့တောင်ပိုင်းတွင် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတို့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများ က စာသင်ကျောင်းများကို အကြမ်းဖက်စခန်းများအဖြစ် အသုံးပြုနေကြောင်း တာဝန်သိပြည်သူတစ်ဦး က မြန်မာနေရှင်နယ်ပို့စ် ထံ ဆက်သွယ်ပြောဆိုသည်။

တည်ငြိမ်အေးချမ်းမှုကို လိုလားသော ဒေသခံပြည်သူက " PDF လှုပ်ရှား ဆောင်ရွက်နေမှုနဲ့ ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့ တတ်နိုင်သမျှ သတင်းပေးပို့ပါတယ်။ ဟိုအရင်ကလည်း ပေးပို့ပါတယ်။ ဒါပေမယ့် ရှင်းလင်းဆောင်ရွက်ပေးတယ်ဆိုတာ မရှိပါဘူး။ လက်ရှိ အခြေအနေကို ပြောရင် ထန်းမကောက်ရွာ စာသင်ကျောင်းအရှေ့ဘက်က အိမ်မှာလက်နက်လုပ်တယ်။ ရေစကြိုက PDF ခြောက်ယောက် လက်ရှိလုပ်နေပါတယ်။ တုတ်စုရွာ စာသင်ကျောင်းမှာစခန်းလုပ်ပြီး နေထိုင်နေပါတယ်။ အင်အားများတယ်။ ဒေသအစုံက PDF aတွရှိပါတယ်။ ချက်ကန်ရွာစာသင် ကျောင်းမှာလည်း စခန်းရှိပါတယ်။ ကျောင်းထဲမှာပဲ သင်တန်းပေးနေပါတယ်။ ဝင်လည်းရွာ စာသင်ကျောင်းမှာလည်း PDF က စခန်းချပြီး ရှိနေပါတယ်။" ဟု ပြောသည်။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများက ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လက်နက်ကိုင်အကြမ်းဖက်၍ ဒေသခံပြည်သူများကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ဘက်ပေါင်းစုံကို ဖျက်ဆီးနေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သော်လည်း ဒေသဆိုင်ရာ အာဏာပိုင်များအနေဖြင့် တာဝန်ယူ တာဝန်ခံ၍ ရှင်းလင်းဆောင်ရွက်ခြင်း မရှိသောကြောင့် အကြမ်းဖက်သမားများမှာ ပိုမိုးဆိုးရွားလာသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)