Pages

Pages

ပြည်ခိုင်ဖြိုးပါတီဝင် ၁၀၀ ကျော် ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ရေးဦး PDF အကြမ်းဖက်အဖွဲ့ ဒုခေါင်းဆောင် နန္ဒာဝင်း ဦးဆောင်၍ ရေဦး - တန့်ဆည် ကားလမ်းမပေါ်တွင် ဆက်ကြေးကောက်ရယူနေပြီး အမျိုးသမီးများကို ဖမ်းဆီးကာ မုဒိန်းကျင့်စော်ကားမှုများ ပြုလုပ်လျက်ရှိကြောင်း သိရ




MNP ၊ ဇွန်  ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်တွင် NLD အမတ်ဟောင်း မြင့်ထွေး က PDF အကြမ်းဖက်အဖွဲ့ကို ဦးဆောင်နေပြီး ဒေသခံပြည်သူများထံ မှ ဆက်ကြေးကောက် ဓားပြတိုက်၍ ပြည်ခိုင်ဖြိုးပါတီဝင်များကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။


ထိုသူ၏ နောက်လိုက်တစ်ဦးဖြစ်သော ရေးဦးမြို့နယ်၊ ဗိုလ်အောင်ဇေယျရပ်ကွက်မှ PDF အကြမ်းဖက်အဖွဲ့၏ ဒုတိယခေါင်းဆောင် နန္ဒာဝင်း(ဘ) ဦးမွှေးနီ(ဖဲသမား)၏သား (ယခင် အုတ်၊ သဲ၊ ကျောက်၊ မြေ)သယ်ကား မောင်းသူသည် အကြမ်းဖက်အား(၁၀၀)မောင်းပြန်သေနတ်(၅၀)လက်၊ လုပ်သေနတ်(၅၀)နှင့် ရေဦး - တန့်ဆည် အဝေးပြေးကားလမ်းမပေါ် ဖန်းခါးဇင်ရွာထိပ်နှင့် ရေဦးမြို့မှ ၄မိုင်ရှိသော ပန်းကုန်းရွာတံတားတို့တွင် ဂိတ်များဖွင့်၍ ခရီးသည် လိုင်းကားများ၊ ကုန်တင်ကားများ၊ စပါးသယ်ကားများ၊ သုံးဘီးယာဉ်များကို ဆက်ကြေးကောက်နေသည်မှာ‌ နေ့စဉ်တရက်လျှင် သိန်းသုံးဆယ်(၃၀)ရရှိနေကြောင်း ဒေသခံများက ဆက်သွယ်ပြောဆိုသည်။


ရေဦးမြို့နယ် PDF အကြမ်းဖက်အဖွဲ့ ဒုခေါင်းဆောင် နန္ဒာဝင်း ဦးဆောင်သော အကြမ်းဖက်သမားများသည် ရေဦးမြို့နယ် မြောက်ဘက်ခြမ်းတွင် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် အပြည်မဲ့ပြည်သူများအား မဟုတ်မမှန် ဒလန်စွပ်စွဲပြီး အယောက်တစ်ရာ(၁၀၀)ကျော် သတ်ဖြတ်ခဲ့ကြောင်း၊ ရေဦးနှင့် တန့်ဆည်ကြားရှိ ကျေးရွာများကို နေ့စဉ်ပြန်ပေးဆွဲခြင်း၊ ဓါးမြတိုက်ခြင်း၊ အမျိုးသမီးများကို ဖမ်းဆီး မုဒိမ်းကျင့်ခြင်းများ ပြုလုပ်နေကြောင်း၊ နန္ဒာဝင်း ဦးဆောင်သော PDFအကြမ်းဖက်အဖွဲ့တွင် ပန်းကုန်းရွာ၊ ဘိုရုံရွာ၊ အုန်းနပေါင်းရွာ၊ ဇီကန်းရွာ၊ ချောင်းဦရွာ၊ မုံတိုင်ပင်ရွာ၊ ရွာဗုကြီးရွာ၊ ပုန်းတကားရွာ၊ လှည်းသွင်းရွာ၊ ဖန်းခါးဇင်ရွာ၊ အင်တောရွာ၊ ဆပ်သေရွာ၊ လေးရွာကျေးရွာ၊ ကြာပန်းညိုရွာ၊ နွားပေါင်ရွာ၊ ကန်ပေါက်ရွာ၊ ကျောက်စာကုန်းရွာ၊ ဖိန်းကားရွာသားများ နောက်လိုက်နောက်ပါအဖြစ် ပါဝင်နေကြောင်း သိရသည်။


နန္ဒာဝင်းနှင့် အဖွဲ့သည်‌ ဖန်းခါးဇင်အရှေ့ရွာဘုန်းကြီးကျောင်း ချောင်းရိုးရွာ၊ ပန်းကုန်းရွာ၊ ဘိုရုံရွာ၊ ဇီးကန်ရွာနှင့် ချောင်ဦးရွာလမ်းခွဲ မူးဘောင်အနီးရှိ မြမြင့်မိုရ်သရက်ခြံတို့မှာ‌‌ အ‌‌ခြေချဖြန့်ခွဲနေထိုင်ပြီး အကြမ်းဖက်လုပ်ငန်းများကို နေ့စဉ်လုပ်ဆောင်လျက်ရှိသော်လည်း ရေဦးမြို့၊ ဗိုလ်အောင်‌ဇေယျရပ်ရှိ PDF အကြမ်းဖက်အဖွဲ့ ဒုတိယခေါင်း ဆောင်နန္ဒာဝင်း၏ နေအိမ်ကို ချိတ်ပိတ်၍ နိုင်ငံတော်ပိုင်အဖြစ် ၂နှစ်ကျော်ကြာသည့်တိုင်အောင် သိမ်းဆည်းခြင်း မရှိသေးကြောင်း သိရသည်။


န-မ-ခ အနောက်မြောက်တိုင်း စစ်ဌာနချုပ် စစ်တိုင်းမှူးကြီးနှင့် န-စ-က နိုင်ငံတော်စီမံအုပ်ရေးကောင်စီ လူကြီးမင်းများ၊ ရေဦးမြို့နယ်တွင် တိုင်းပြည်တာဝန်ထမ်းဆောင်နေသော တပ်မမှူး၊ ဗျူဟာမှူး၊ တပ်ရင်းမှူးများ သိစေလိုကြောင်း၊ PDF အကြမ်းဖက်သမားများက နေ့စဉ် အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိရာ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ရန်ပြုခြိမ်းခြောက်နေသော PDF အကြမ်းဖက်အဖွဲ့များကို အမြန်ဆုံး ဖယ်ရှားရှင်းလင်းပေးစေလိုကြောင်း ဒေသခံတစ်ဦး က မြန်မာနေရှင်နယ်ပို့စ် သို့ ဆက်သွယ် ပြောဆိုထားသည်။


#MyanmarNationalPost 

No comments:

Post a Comment