ကသာမြို့နယ်၊ လေဘိုကျေးရွာအနီးရှိ PDF စခန်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကသာမြို့နယ်၊ လေဘိုကျေးရွာအနီးရှိ PDF စခန်းမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ


MNP ၊ ဇွန် ၅

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ လှေဘိုရွာ၏ တောင်ဘက်တွင် PDF အခြေပြုစခန်း ရှိနေကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးချက်အရ ယနေ့ ဇွန်လ ၅ ရက်နေ့ နံနက်တွင်  ရေလယ်ကျွန်းအား ဝင်ရောက်ရှာဖွေရာ အကြမ်းဖက်သမားများ အသုံးပြုသည့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ PDF အကြမ်းဖက်စခန်းမှ M-79 လောင်ချာ ၂ လက်၊ လုပ်သေနတ် ၄ လက်၊ လက်လုပ်စိန်ပြောင်း ၄ လက်၊ ရှော့တိုက်ဒုံး ၅ လုံး၊ ဝရိမ်စက် ၁ လုံး၊ တွင်ခုံ ၁ ခု၊ လက်လုပ်မိုင်း ၂၀ လုံး၊ ယမ်းစိမ်း ၂ အိတ်၊ တဲ ၁၂ လုံး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်အန္တရာယ် နှိမ်နင်းရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လာသည်ကို တွေ့ရှိရပြီး နေ့စဉ် PDF စခန်းများကို ရှင်းလင်းဖယ်ရှားမှုများ လုပ်ဆောင်လာသည်ကို တွေ့မြင်ရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)