Pages

Pages

ပစ္စတိုသေနတ် ၂လက် အပ်နှံ၍ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် PDF အဖွဲ့ဝင်များအား နစကအစိုးရ က ဆုငွေ သိန်း (၄၀) ချီးမြှင့်


MNP ၊ ဇွန် ၂၃

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) အကြမ်းဖက်အဖွဲ့က ပြည်တွင်းရှိ ၎င်းတို့အား ထောက်ခံသူများကို PDF အကြမ်းဖက်သမားများအဖြစ် အသုံးချ၍ ၎င်းတို့သတ်ဖြတ်လိုသူများ၏ ဓာတ်ပုံနှင့် အချက်အလက်များ ပေးပို့၍ လုပ်ကြံသတ်ဖြတ်မှုများကို ငွေေပေး၍ ကြေးစား အကြမ်းဖက်သမားများအဖြစ် အသုံးချလျက်ရှိရာ နစကအစိုးရက အကြမ်းဖက်မှုများ လျော့ပါးစေရန် PDF အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများ လက်နက်အပ်နှံပြီး ဥပေဒဘောင်အတွင်း ဝင်ရောက်ပါက လက်နက်အမျိုးအစားအလိုက် ဆုချီးမြှင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်၍ ဖိတ်ခေါ်ခဲ့သည်။


ယင်းသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ဖိတ်ခေါ်လျက်ရှိသဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း၊ နယ်မြေများအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိသည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်လက်ခံ၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ အောင်ငြိမ်းအေးခန်းမ၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စိုးဦးနှင့် ဌာနဆိုင်တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြန်လည်အလင်းဝင်လာသည့် PDF အဖွဲ့ဝင်များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။


ဦးစွာ တာဝန်ရှိသူများက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော နေပြည်တော်ကောင်စီနယ်မြေအတွင်းမှ PDF အဖွဲ့ဝင်အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် ၎င်းတို့နှင့်အတူပါလာသည့် ပစ္စတိုသေနတ် နှစ်လက်အား အပ်နှံကြရာ တာဝန်ရှိသူများက လက်ခံရယူ၍ ပစ္စတိုနှစ်လက်အတွက် ဆုကြေးငွေ သိန်းလေးဆယ်နှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။



#MyanmarNationalPost

No comments:

Post a Comment