Pages

Pages

မုံရွာမြို့တွင် PDF အကြမ်းဖက်သမားများကို လှည့်ကင်းက ပစ်ခတ်ဖမ်းဆီး





MNP ၊ ဇွန် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ယနေ့ နံနက်ပိုင်းက လူငယ်တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်လာသည့် ပြည်ပြေး ဝရမ်းပြေး NUG(NLD) အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တည့်တည့်တိုးကာ ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး PDF အကြမ်းဖက် ၂ဦး အသေဖမ်းဆီးရမိခဲ့သည်။

ယနေ့ နံနက် ၈ နာရီဝန်းကျင်ခန့်က မုံရွာမြို့တွင် လှည့်ကင်းဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် ကန်သာဦးရပ်ကွက်၊ ပြည်ထောင်စုလမ်းအတိုင်း မသင်္ကာဖွယ်အမျိုးသား ၃ ဦးမောင်းနှင်လာသော ဆိုင်ကယ်အား စစ်ဆေးရန် ရပ်တန့်စေခိုင်းရာ မရပ်ဘဲမောင်းပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ  PDF အကြမ်းဖက်သမား ၂ဦး ကို အသေဖမ်းဆီးနိုင်ခဲ့ပြီး PDF အကြမ်းဖက်သမားများက အဓမ္မဖမ်းဆီးခေါ်ဆောင်လာသော လူငယ်အား ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။

PDF များ၏ ဖမ်းဆီးခြင်းခံရသူမှာလည်း PDF အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး ထွက်ပြေးလာခြင်းကြောင့် သေဆုံးသွားသည့် PDF များက လာရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အသေဖမ်းဆီးရမိPDF အကြမ်းဖက်သမားများထံမှ ပစ္စတို ၂ လက်၊ ပစ္စတိုကျည် ၁၀ တောင့်၊ AK ကျည် ၁ တောင့်၊ လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost 

No comments:

Post a Comment