ခင်ဦးမြို့နယ်၊ ကံသစ်ရွာဟာ PDF အကြမ်းဖက်သမားများ အဆိုးဆုံးနယ်မြေပါ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခင်ဦးမြို့နယ်၊ ကံသစ်ရွာဟာ PDF အကြမ်းဖက်သမားများ အဆိုးဆုံးနယ်မြေပါ



ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာကနေ တိမ်းရှောင်နေရတဲ့ အမျိုးသမီးတစ်ဦးက မြန်မာနေရှင်နယ်ပို့စ်ကို ဆက်သွယ်ခဲ့ပါတယ်။ သူတို့ရဲ့ မိသားစုဝင်တွေကို PDF က ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ပြစ်တယ်။ အဲဒီလို အခြေအနေကြောင့် တိမ်းရှောင်နေခဲ့ရတယ်။ ရွာမှာ ကျန်ခဲ့တဲ့ စပါးကျည်ထဲက စပါး၊ ပဲ တွေကို PDF က လာပြီး ရောင်းယူသွားတယ်။ လယ်ထဲမှာ စိုက်ထားတဲ့ စပါး၊ ပဲကိုလည်း PDF တွေကပဲ ရိတ်သိမ်းပြီး ယူသွားတယ်။ ဘာကျန်သေးသလဲ။


စစ်ကြောင်းလည်း မထိုးခဲ့ဘူး။ ရှင်းလင်းဆောင်ရွက်ခဲ့တာမျိုးလည်း မရှိဘူး။ PDF အကြမ်းဖက်သမားများကသာ ကိုယ့်ရွာသားအချင်းချင်းလည်း အထာမထားဘူး။ ကာလရှည်ကြာ လက်နက်ကိုင်ပြီး လူပါးဝနေခဲ့တာ ဖြစ်ပါတယ်။

အခုတော့ စစ်ကြောင်းထိုးပြီလို့ တွေ့ရတယ်။ အခုစစ်ကြောင်း ထိုးတော့ အခုကျေးဇူးတင်ရပါတယ်။ စောစောစီးစီး စစ်ကြောင်းထိုးရင် ပိုပြီး ကျေးဇူးတင်မိမှာပါ။ မြန်မြန်စစ်ကြောင်းထိုးပြီး ရှင်းတော့ အပြစ်မဲ့ ပြည်သူတွေ PDF အကြမ်းဖက်ဘေးဒဏ် မခံရတော့ဘူးပေါ့။ အခု စစ်ကြောင်းထိုးပေးတော့လည်း အခုကျေးဇူးတင်ပါတယ်ဗျာ။


ဒီလိုစစ်ကြောင်းတွေမထိုးခင်က ဒုရဲမှူး စိုးထွဋ်ခိုင်အပါ(၁၁)ဦးကို ခင်ဦး၊ကံသစ်တံတားမှာ ခင်ဦးပကဖ၊ ရောင်နီပျောက်ကြားအဖွဲ့ က သတ်ခဲ့ဖူးတယ်။ ကံသစ် PDFတွေက USDP ပါတီဝင် ၁၂ဦးထက်မနည်း သတ်ခဲ့ကြ ပြီးပြီ။ သတ်ဖြတ်ပြီး ပစ္စည်းတွေလုကြတော့ USDPနဲ့ တပ်မတော်ထောက်ခံသူ ၁၀၀ ကျော် လက်လွတ် ခြေလွတ်ထွက်ပြေးရတယ်။ အဲဒီမှာထွက်ပြေးရသူတွေရဲ့ ပစ္စည်းတွေသိမ်းယူလိုက်ပြီး တစ်ရွာလုံးက PDF ချည်းဖြစ်သွားတယ်။


ပြီးခဲ့တဲ့မေလထဲမှာ ပြည်သူ့စစ်နဲ့တပ်သားနှစ်ယောက်ကို လည်လှီးသတ်ပြသေးတယ်။ တစ်ခါ စစ်မှုထမ်းဟောင်း လင်မယား ထပ်သတ်တယ်။ USDP ပါတီဝင်တွေ၊ စစ်မှုထမ်းဟောင်းတွေမှာ ငါတို့ ဘယ်လောက်အော်အော် ဂရုမစိုက်ကြပါလားလို့ နီပိန်းတွေ ဒုက္ခပေးသမျှ ခါးစီးပြီး ခံခဲ့ကြရပါတယ်။ စစ်ကြောင်းထိုးပြီး ရှင်းနေပြီကြားရင် သူတို့ ဝမ်းသာမှာပဲ။ တကယ်တော့ ဥပဒေဘောင်အတွင်းမှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ကို တန်ဖိုးထားတယ်ဆိုရင် လုံးဝ မျက်ကွယ်ပြုမထားသင့်ပါဘူး။


ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG(NLD) တွေ အာချောင်လာပြီဆိုရင် သတိထား။ သူတို့ရဲ့ လက်ပါးစေ PDF တွေ  ဂျိုကြွတယ်။ အထူးအားဖြင့် NUG(NLD) ကို ဦးဆောင်လှုံ့ဆော်နေတဲ့ မင်းကိုနိုင် (ခ) ခေါကြီး အာချောင်လာပြီဆိုရင် ပိုသတိထား။ အဲဒီကောင်ဟာ ဆူပူအကြမ်းဖက်လှုံ့ဆော်သူတွေရဲ့ အချုပ်ပဲ။ အကြမ်းဖက်လှုံ့ဆော်သူ ဆရာကြီးပေါ့။ အခုရက်ပိုင်းအတွင်း ပြည်ဖျက်မီဒီယာက ဂျင်းခင်မောင်စိုး နဲ့ ပြည်ဖျက်မိစ္ဆာကောင် မင်းကိုနိုင်(ခ) ခေါကြီး တို့ အာချောင်ပြီးချိန်မှာ အကြမ်းဖက်လှုပ်ရှားမှုတွေ ခပ်စိပ်စိပ် တွေ့မြင်လာရပါတယ်။ ခေါကြီးဟာ တိုင်းပြုပြည်ပြုလုပ်ရာမှာသာ မစွမ်းနိုင်တာ၊ တိုင်းဖျက် ပြည်ဖျက်လုပ်ဖို့ရာ အမေရိကန် က စနစ်တကျ မွေးမြူထားတဲ့ ခွေးဝဲစားဖြစ်တယ်ဆိုတာ နားလည်ထားကြဖို့ပါ။


နောင်တော်လေး (ဘိုကလေး)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)