ပြည်သူများ ထိခိုက်သေကြေစေရန် PDF အကြမ်းဖက်သမားများ လာချထားသော လက်လုပ်မိုင်းအား လုံခြုံရေးတပ်ဖွဲ့ က ရှင်းလင်းဖယ်ရှား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူများ ထိခိုက်သေကြေစေရန် PDF အကြမ်းဖက်သမားများ လာချထားသော လက်လုပ်မိုင်းအား လုံခြုံရေးတပ်ဖွဲ့ က ရှင်းလင်းဖယ်ရှား




MNP ၊ ဇွန် ၂၅

ညောင်လေးပင်မြို့နယ်၊ ရဲလှကုန်းရွာ၊ ရန်ကုန်-မန္တလေးကားလမ်းအရှေ့ဘက် ၁ ဖာလုံခန့်အကွာရှိ ပေါက်ပင်အောက်တွင် မသင်္ကာဖွယ်ရာ ကော်ပုံး(အစိမ်း)တွေ့ရှိကြောင်း တာဝန်သိပြည်သူတစ်ဦးမှ လာရောက်သတင်းပေးခဲ့ရာ အမြင့် ၁ ပေခွဲ၊ လုံးပတ် ၂ ပေခွဲ ခန့်ရှိ ကော်ပုံးအတွင်း ယမ်းပြင်းများနှင့် ကော့တက်ယမ်းကြိုးများ တပ်ဆင်ထားသော PDF အကြမ်းဖက်သမားများ၏ လက်လုပ်ဗုံးအား စစ်ဆေးတွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အန္တရာယ်ကင်းစွာ ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများအနေဖြင့် ပြည်သူများ ထိခိုက်သေကြေစေရန် ရည်ရွယ်၍ ယခုကဲ့သို့ မိုင်းထောင်ခြင်းများ လုပ်ဆောင်လျက်ရှိရာ ပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန် တာဝန်သိစိတ်ဓာတ်ဖြင့် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များထံ ဆက်သွယ်သတင်းပေးပို့ကြပါရန် နှိုးဆော်အပ်ပါသည်။


#MyanmarNationalPost 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)