သဲကုန်းမြို့နယ်၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF)စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့နယ်၌ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်း (RBF)စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ


MNP ၊    ဇွန်   ၂၈

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်း​မြို့နယ်‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်​ဆောင်ရွက်မည့် ကျေးလတ်စီးပွားမြင့်မားရေးလုပ်ငန်း(RBF) စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းအခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့က သဲကုန်းမြို့နယ်၊ ထန်းပင်မှော်အုပ်စု၊ ကျောင်းကုန်း​​ကျေးရွာရှိ ဘုန်း​ကြီးကျောင်းဓမ္မာရုံအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်စန္ဒာ​အေးမှ သဲကုန်းမြို့နယ်အတွင်း ကျေးလက်စီးပွား​​မြင့်မားရေးစီမံကိန်း(RBF)ကျေးရွာအဖြစ် ရေးဆွဲဆောင်ရွက်မည့် ကျေးရွာများအား မြို့နယ်ဦးစီးမှူးမှ စီမံကိန်းအကြောင်းအသေးစိတ်ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ကျေးရွာသူ၊​ ကျေးရွာသားများမှ စီမံကိန်းအကြောင်း မရှင်းလင်းသည်များကို မေးမြန်းကာ ပြန်လည်ရှင်းလင်း ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။


ကိုကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)