မိုးမောက်မြို့၌ RC ယာယီ တိမ်းရှောင်စခန်းသို့ ထောက်ပံ့ကြေးပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးမောက်မြို့၌ RC ယာယီ တိမ်းရှောင်စခန်းသို့ ထောက်ပံ့ကြေးပေးအပ်


MNP ၊    ဇွန်   ၁၀

ကချင်ပြည်နယ် ၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် ဗန်းမော်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ဌေး တို့ပူးပေါင်း၍ ကြေးနန်းရပ်ကွက်ရှိ RC ယာယီ တိမ်းရှောင်စခန်းမှ မံပုံကျေးရွာအုပ်စု၊ ပီမိုးညှင်း ကျေးရွာသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိသည့် မိသားစုဝင်များအတွက် ထောက်ပံ့ကြေး ပေးအပ်ခြင်းကို ဇွန်လ  ၉  ရက် နံနက် ၁၀ နာရီခန့်တွင် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါထောက်ပံ့ကြေးပေးအပ်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၏ သတ်မှတ် နှုန်းထားအတိုင်း ဆန်ရိက္ခာဖိုး (၁) လစာ(၁၃၀၅၀၀ဝိ/-)ကျပ်၊ ပြောင်းရွှေ့စရိတ် (၂၅၀၀၀၀ဝိ/-)ကျပ်၊ စုစုပေါင်း (၃၈၀၅၀၀ဝိ/-)ကျပ်နှင့် (၁၃၅၉၄၀ဝိ/-)ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုးပါ ပုံး(၂၅)ပုံးတို့ကို အိမ်ထောင်စု(၂၅)စု၊ လူဦးရေ(၁၄၅)ဦးတို့အတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရ သည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)