Pages

Pages

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ ROSATOM တို့ ပူးပေါင်းဆောင်ရွက်သော သိပ္ပံပွဲတော် ၂၀၂၃ ကျင်းပလျက်ရှိ



MNP ၊ ဇွန် ၃၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ ROSATOM တို့ ပူးပေါင်းဆောင်ရွက်သော သိပ္ပံပွဲတော် ၂၀၂၃ (Science Festival 2023) ရန်ကုန်မြို့ရှိ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နျူကလီးယား နည်းပညာသတင်းအချက်အလက် စင်တာတို့တွင် ကျင်းပလျက်ရှိကြောင်းသည်။


သိပ္ပံပွဲတော် ဒုတိယနေ့သို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် တာဝန်ရှိသူများ၊ ရုရှားနိုင်ငံ ROSATOM မှ တာဝန်ရှိသူများ၊ ရုရှားနိုင်ငံ National Research Nuclear University MEPhI (Moscow Engineering Physics Institute) က တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ရောက်ရှိရာ HackAtom ပြိုင်ပွဲဝင်အသင်း ၁၁ သင်းတို့မှ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများက နျူကလီးယားနည်းပညာဖြင့် လျှပ်စစ်စွမ်းအား ထုတ်လုပ်မှု၊ Nuclear Medicine စသည့် ငြိမ်းချမ်းစွာ အသုံးပြုမှုဆိုင်ရာ အသိပညာများကို ပြည်သူများထံ ထိရောက်စွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် လက်တွေ့ကျသော နည်းလမ်းများရှာဖွေပြီး ၂၄ နာရီအတွင်း ၎င်းတို့ဆောင်ရွက်ထားရှိသည့် အင်တာနက် App-lication နှင့် Website များ ဖန်တီးမှုနှင့် ရလဒ်များကို Power Point များဖြင့် ရှင်းလင်းတင်ပြကြသည်။


တင်ပြချက်များအပေါ် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ National Research Nuclear University MEPhI (Moscow Engineering Physics Institute)မှ ပါမောက္ခများ ပူးပေါင်းဆောင်ရွက်သော ဘုတ်အဖွဲ့က အကဲဖြတ်အမှတ်ပေးကြပြီး ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ROSATOM နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဌာန ညွှန်ကြား ရေးမှူး Mr.Andrey Belyakov တို့က ပထမ၊ ဒုတိယ၊ တတိယရရှိသည့် အသင်းသုံးသင်းကို ဂုဏ်ပြုဆုများ ချီးမြှင့်ကြသည်။


အဆိုပါ HackAtom ပြိုင်ပွဲသို့ ရန်ကုန်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူ ၅၀၀ ခန့် တက်ရောက်ကြ ပြီး ရန်ကုန်နည်းပညာတက္ကသိုလ်မှ ဌာနများရှိ သုတေသနနှင့် လက်တွေ့စမ်းသပ်ခန်းများတွင် လေ့လာကြကာ နျူကလီးယားနည်းပညာဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများသို့ တက်ရောက် လေ့လာကြသည်။


အဆိုပါ ဆွေးနွေးပွဲများတွင် အဏုမြူစွမ်းအင်ဦးစီးဌာနက Overview on the Nuclear Industry Development in Myanmar ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုရှားနျူကလီးယားပညာရှင်က Nuclear Energy Development from Antiquity to the Present Days ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာဌာနရှိ ဘွဲ့ကြိုကျောင်းသားတစ်ဦးက Low-carbon Energy Source ခေါင်းစဉ်တို့ဖြင့်လည်းကောင်း ဆွေးနွေးကြရာ လေ့လာသူ ကျောင်းသား ကျောင်းသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နျူကလီးယား နည်းပညာသတင်းအချက်အလက် စင်တာ၌ သိပ္ပံပွဲတော် ၂၀၂၃ ဒုတိယနေ့ အစီအစဉ်များကို ကြည့်ရှုအားပေးပြီး လာရောက်လေ့လာ ကြသည့် အခြေခံပညာမှ ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။


ယနေ့တွင် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း(ဒဂုံ)နှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း (အလုံ)တို့မှ ကျောင်းသား ကျောင်းသူများနှင့် အုပ်ချုပ်သူ စုစုပေါင်း ၄၀၀ ခန့် လာရောက်လေ့လာကြပြီး Nuclear Sprint Zone ၊ Chrono-graph Zone ၊ Jenga in Physics Zone နှင့် Master Class လက်တွေ့သင်တန်းတို့တွင် နျူကလီးယား နည်းပညာနှင့် သိပ္ပံဆိုင်ရာ လက်တွေ့စမ်းသပ်မှုများ ဆောင်ရွက်ကြသည့်အပြင် အုပ်စုလိုက် နျူကလီးယားနှင့် သိပ္ပံဆိုင်ရာ ဉာဏ်စမ်းဂိမ်းယှဉ်ပြိုင်မှုများ ဆောင်ရွက်ကြရာ ROSATOM မှ တာဝန်ရှိသူများက အနိုင်ရရှိသူများကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment