ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စစ်တုရင်နှင့် Scrabble ပြိုင်ပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စစ်တုရင်နှင့် Scrabble ပြိုင်ပွဲဆောင်ရွက်




MNP ၊    ဇွန်   ၂၃

၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲအသုံးမှုနှင့်တရားမဝင်းရောင်းဝယ်မှုပပျောက်ရေးနေ့အထိမ်းအမှတ်(အကြို) စစ်တုရင်နှင့် Scrabble ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်ခန့်တွင်  ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။


ရှေးဦးစွာ ပြိုင်ပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး (တာဝန်ပေး) ဒေါ်ခင်ခင်လဲ့က အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏‌ အထိမ်းအမှတ်‌နေ့များဖြစ်‌ပေါ်လာပုံ အကြောင်းအရာကိုသိရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်စေရေး၊ အားလပ်သည့်အချိန်များတွင် စာကြည့်တိုက်သို့ လာရောက်၍ စာငှား/စာဖတ် ကြရန်၊ ဂိမ်းကစားခြင်း၊ ပြိုင်ပွဲများကျင်းပခြင်းများတွင် ပူးပေါင်းပါဝင်ကြစေရန်နှင့် စာကြည့်တိုက်သို့ စဥ်ဆက်မပြတ် ဝင်ထွက်သွားလာတတ်သည့် အလေ့အထကောင်းများ ရရှိစေရန်၊ ကာယဉာဏစွမ်းရည်တိုးတက်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတများတိုးပွားရရှိ‌‌စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းသိရသည်။


အဆိုပါပြိုင်ပွဲတွင် အ-ထ-က၊ ကလိန်အောင်ကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး အကောင်းဆုံးပါဝင်ယှဉ်ပြိုင်နိုင်သူများကို လက်‌ဆောင် ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။


ခင်ခင်လဲ့

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)