ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ “Shaping the Future” ပညာရေးဖိုရမ် တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ “Shaping the Future” ပညာရေးဖိုရမ် တက်ရောက်



MNP ၊ ဇွန်  ၁၀

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ သည် ယမန်နေ့က ရုရှားဖက်ဒရေးရှင်း နိုင်ငံ ကာဇန်မြို့ IT Park ၌ ကျင်းပသော “Shaping the Future” ပညာရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။


ဖွင့်ပွဲအခမ်းအနားတွင် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က virtual စနစ်ဖြင့် အဖွင့်အမှာစကား ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မျက်နှာစုံညီအစည်းအဝေး Plenary Session ပထမပိုင်းနှင့် ဒုတိယပိုင်း အစီအစဉ်များကို တက်ရောက်သည်။


ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် Federal University တွင် ရုရှားဖက်ဒရေးရှင်း သိပ္ပံနှင့် အဆင့်မြင့်ပညာဆိုင်ရာ  ပညာရေးဝန်ကြီး FALKOV Valeriy၊  ဒုတိယဝန်ကြီး MOGILEVSKIY KONSTANTIN၊ Kazan Federal University မှ ပါမောက္ခချုပ် SAFIN Lenar၊ TERASHKEVICH Sergey(Deputy Director of the Department of International Cooperation of the Ministry of Education) ၊ SHUMEYKINA Margarita(Counsellor of the Department of International Cooperation) တို့နှင့် သွားရောက်တွေ့ဆုံကာ ပညာသင်ဆု ပေးအပ်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၏ အခြေခံပညာကဏ္ဍ၊ အဆင့်မြင့် ပညာကဏ္ဍ၊ ဆရာအတတ်ပညာကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များကို ရင်းနှီး ဆွေးနွေးခဲ့ကြသည်။


ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Kazan Palace ဟိုတယ်၌ တည်ခင်းဧည့်ခံသည့်ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)