ကျိန္တလီမြို့၌အသက်(၅)နှစ်မှ (၁၂)နှစ်နှင့် အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ(ထပ်ဆောင်း)ကာကွယ်ဆေး Sinopharm ဆက်လက်ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌အသက်(၅)နှစ်မှ (၁၂)နှစ်နှင့် အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ(ထပ်ဆောင်း)ကာကွယ်ဆေး Sinopharm ဆက်လက်ထိုးနှံပေးလျက်ရှိ





MNP ၊    ဇွန်   ၂၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ အသက်(၅)နှစ်မှ (၁၂)နှစ်နှင့်အထက် ကျောင်းသား/သူ များအား ကိုဗစ်-၁၉ ရောဂါ(ထပ်ဆောင်း)ကာကွယ်ဆေး Sinopharm ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉:၃၀ နာရီမှစတင်၍ အထကကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။


ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေးထိုးရန်ရောက်ရှိလာသော ကျောင်းသား/သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းနှင့် ပညာသင်ကြားနေသော အတန်းအလိုက် စနစ်တကျ စာရင်းရေးသွင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး မိနစ်(၃၀)ခန့် အနားယူစေကာ ကျန်းမာရေးစောင့်ရှောက် ပေးလျက်ရှိရာ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် လာရောက်ကြသည့် အမက (ရမ္မာကျွန်း)မှ ကျောင်းသား/သူ (၄၆)ဦး၊ အထက(ကျိန္တလီ)မှ ကျောင်းသား/သူ(၅၇၈)ဦး၊ အမက (ချင်းကွင်း)မှ ကျောင်းသား/သူ (၃၀)ဦး၊ ငရံ့ကျော်(မူလွန်) မှ ကျောင်းသား/သူ(၅၂)ဦး၊ အမက (သဲကုန်း)မှ ကျောင်းသား/သူ(၂၂)ဦး၊ စုစုပေါင်း(၇၂၈)ဦး ထိုးနှံခဲ့ကြောင်း ကျန်းမာရေး ဝန်ထမ်းတစ်ဦး ထံမှ သိရသည်။


ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)