Pages

Pages

ကျိန္တလီမြို့၌ အသက်(၅)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိ




MNP ၊    ဇွန်   ၂၈

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Sinopharm)ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်မှ စတင်၍ အ.မ.က မူလွန်(အမှတ်-၅)ကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။


ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်​ဆေးထိုးနှံရာတွင် ကာကွယ်ဆေးထိုးရန်ရောက်ရှိလာသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် အတန်းအလိုက် စနစ်တကျ စာရင်းရေးသွင်း၍  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး မိနစ်(၃၀)ခန့် အနားယူစေကာ ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိရာ (ပထမ)အကြိမ်အဖြစ် လာရောက်ထိုးနှံသော ကျောင်းသား/သူ (၁၅)ဦး၊ (ဒုတိယ)အကြိမ် (၄)ဦး၊ (တတိယ)အကြိမ် (၁၅)ဦးနှင့် (စတုတ္ထ)အကြိမ် (၁၀၈)ဦး စုစုပေါင်း ကျောင်းသား/သူ (၁၄၂)ဦး ထိုးနှံပေးခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်း တစ်ဦးထံမှ သိရသည်။


ဇော်လင်း

 https://t.me/MyanmarNationalPost





No comments:

Post a Comment