Pages

Pages

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinophren) ထိုးနှံပေး



MNP ၊    ဇွန်   ၂၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကင်းစင်၍ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် KG တန်းကလေးငယ်များနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်တစ်ခါမျှ မထိုးရသေးသော ကျောင်းသား/ကျောင်းသူများအား ယမန်နေ့နံနက် (၁၀:၃၀) နာရီအချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinophren) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာ၌ အသက်(၅)နှစ်ပြည့်ပြီးသော KG တန်းကလေးငယ်များအား ကာကွယ်ဆေးထိုးနှံရာ၌ တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူလေးများအား အသိပညာပေးခြင်း၊ စာရင်းရေးသွင်းခြင်း၊ ကလေးငယ်များအား အပူချိန်တိုင်းပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို  စနစ်တကျ ဆောင်ရွက်ပေးပြီးမှသာ ထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးပြီးသော ကျောင်းသား/‌သူများအား မိနစ်(၂၀)ခန့် အနားယူစေခြင်း ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထိုးနှံ‌ပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဉီးစောမြတ်ကျော်၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ခင်လေးနွယ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment