ပေါင်မြို့နယ်တွင် Table Top Exercise ဆွေးနွေးပွဲကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် Table Top Exercise ဆွေးနွေးပွဲကျင်းပပြုလုပ်






MNP ၊ မေ  ၃၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် Table Top Exercise ဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်းကိုယမန်နေ့ ညနေပိုင်းက မြို့နယ်မီးသတ်ဦးစီဌာနအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီ‌မံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဌ ဦးထင်လင်းအောင်က  ပေါင်မြို့နယ်အတွင်းသဘာဝဘေးဖြစ်ပွားလာပါက ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် Table Top Exercise ကိုပြုလုပ်ရခြင်းဖြစ်ကြောင်း ၊ပရဟိတအဖွဲ့ဝင်များအနေဖြင့်အတူတကွ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း၊အခြားဌာနဆိုင်ရာများကလည်း မိမိတို့တာဝန်အရလုပ်ရမည့် တာဝန်များကိုလည်းအချိန်မီဆောင်ရွက်သွားကြဖို့လိုအပ်ပါကြောင်းဆွေးနွေးသည်။


ဆက်လက်၍  မြို့နယ်စီမံအုပ်ချုပ်‌ရေး အဖွဲ့အတွင်းရေးမှူး ရဲမှူးသံမရောင် က သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရဲတပ်ဖွဲ့ဝင်များအ‌နေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်းအချိန်မီ  ပူးပေါင်းဆောင်ရွက်ပေးကြဖို့အဆင်သင့်ရှိနေကြောင်းအမှာစကားပြောကြားသည်။


ထို့နောက်  မီးသတ်ဦးစီးဌာနမှဦးစီးအရာရှိ ဦးမြတ်ကိုကို ကမိမိတို့မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးဖြစ်ပေါ်လာပါက မြို့နယ်အတွင်းရှိ မီးသတ်စခန်းအားလုံးကို  အချိန်မီကယ်ဆယ်ရေးလုပ်ငန်းများ  အချိန်နှင့်တပြေးညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးသည်။


အခမ်းအနားကို မြို့နယ်အတွင်းရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကော်မတီဝင်များ၊ ပရဟိတအဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများကဆောင်ရွက်သွားမည့်လုပ်ငန်းများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)