ပေါင်မြို့နယ်တွင် ဆီမှန်၊ဝမ်းမှန်၊သွေးမှန်၊လေမှန် အကြောင်းသိကောင်းစရာ အသိပညာပေး ( Talk Show )ပြုလုပ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ဆီမှန်၊ဝမ်းမှန်၊သွေးမှန်၊လေမှန် အကြောင်းသိကောင်းစရာ အသိပညာပေး ( Talk Show )ပြုလုပ်ကျင်းပ


MNP ၊ မေ  ၁

မွန်ပြည်နယ် ၊ပေါင်မြို့နယ်တွင်   ဆီမှန်၊ဝမ်းမှန်၊သွေးမှန်၊လေမှန် အကြောင်းသိကောင်းစရာ   အသိပညာပေး(Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယနေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက  ( Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး ပေါင်မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မျိုးအေး မှ လူတစ်ဦးတွင်ကျန်းမာဖို့အရေးကြီးပုံများ၊ရာသီဥထုနဲ့ကိုက်ညီမှုရှိသော အစားအစာများကိုစားသုံးခြင်းဖြင့် ဆီမှန်၊ဝမ်းမှန်၊သွေးမှန်၊လေမှန် ကာကွယ်နိုင်ခြင်းအပြင် သိသင့်သိထိုက်သောအကြောင်းအရာများကိုဆွေးနွေးခဲ့ကြောင်း သိရသည်။


ပေါင်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost








No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)