တမူးမြို့တွင် မီးဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တမူးမြို့တွင် မီးဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်


MNP ၊    ဇွန်   ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တမူးခရိုင် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ် ကာကွယ်ရေး  အသိပညာပေး (Talk Show) ကို ယနေ့ နံနက်( ၉) နာရီအချိန်က တမူးခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် တမူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်က (Talk Show) ပြုလုပ်ရခြင်း ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့ပြီး တမူးခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်းနိုင်နှင့် မီးသတ် ဦးစီးဌာန၏ လုပ်ငန်းတာဝန်နှင့် ရည်မှန်းချက်များ၊ မီးသတ်ဦးစီးဌာနမှ သင့်(၄)သင့် မြန်(၃)မြန်ဖြင့် မီးငြှိမ်းသတ်ရေး စနစ်တကျ စီမံဆောင်ရွက်ထားရှိမှုများ၊ မီးဘေးအန္တရာယ်မဖြစ် ပေါ်စေရေး ကြိုတင်ကာကွယ် သတိပေးဆောင်ရွက်မှုများ၊ မီးသုံးစွဲရာတွင် သတိပြုလိုက်နာ ဆောင်ရွက်သင့်သည့်အချက်များ၊ လျှပ်စစ်မီးအသုံးပြုခြင်းနှင့် မီးဘေးအန္တရာယ်တို့ အား တစ်ဦးနှင့် တစ်ဦး အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။


တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး (Talk Show) ဆွေးနွေးပွဲများ ဆောင်ရွက်နေသည့်အပြင် စာပေချစ်သူများနှင့် အပတ်စဥ် စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများ၊ ကျောင်းသား/ကျောင်းသူများအား ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများ လစဥ် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။


ရတနာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)