ကနီမြို့၌ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) အစီအစဉ် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကနီမြို့၌ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး အသိပညာပေး (Talk Show) အစီအစဉ် ဆောင်ရွက်


MNP ၊    ဇွန်   ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းအေးနှင့် ဓါတ်ပုံကျွမ်းကျင်-၂ ဦးသန်းဌေးအောင်တို့ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ်မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသိပညာပေး (Talk Show) အစီအစဥ်ကို ယမန်နေ့နံနက် ၁၀ နာရီက လူထုအ​ခြေပြုဗဟိုဌာန (Community Centre) တွင်ကျင်းပဆောင်ရွက်ခဲ့ပါသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းအေးက မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသိပညာပေ (Talk Show) အစီအစဥ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီးဓါတ်ပုံကျွမ်းကျင်-၂


ဦးသန်းဌေးအောင်က မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်ပတ်သက်သည့် အကြောင်းအရင်းများ၊ လူငယ်လူရွယ်များမူးယစ်ဆေးဝါးနှင့်ပတ်သက်၍ သိရှိလိုက်နာသင့်သည့်သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)