ပေါင်မြို့နယ်တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး(Talk Show) ပြုလုပ်


MNP ၊    ဇွန်   ၁၆

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်   အသိပညာပေး(Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယနေ့‌ နံနက် ( ၈ ) နာရီကပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက  ( Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး ပေါင်မြို့မရဲစခန်းမှူး ဒုရဲမှူးမင်းဦး က

 မူးယစ်ဆေးဝါး၏အဓိပ္ပါယ်များ၊မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ၏ ဆိုးကျိုးများကိုလည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမိလျှင်ခံစားရသောဆိုးကျိုးများ၊မူးယစ်ဆေးဝါးရောင်းဝယ်သူများအနေဖြင့် ထောင်ဒဏ်အပြင်၊သေဒဏ်ပါချမှတ်နိုင်ကြောင်း၊ မူးယစ်ဆေးဝါးဖြတ်ချင်စိတ်ရှိသောသူများအား မူးယစ်ဆေးဝါးဖြတ်ရန်အတွက်ဆေးရုံတက်ရန် အကူအညီလိုအပ်ပါကရဲတပ်ဖွဲ့ဝင်များကကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊မူးယစ်ဆေးဝါးရှောင်ကျဉ်သွားရန်ပြည်သူအားလုံး အပြင် တာဝန်ရှိသူများကဝိုင်းဝန်းကူညီ ကြဖို့လိုအပ်ပါကြောင်း ဆွေးနွေးခဲ့သည်။


ပေါင်မြို့နယ်တွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)