ကျိုက်ထိုမြို့နယ် တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိ ပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိ ပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်




MNP ၊    ဇွန်   ၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီးဇွန်(၂)ရက်နေ့ နံနက်(၉)နာရီကကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် "ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့" အသိပညာပေး Talk Show ဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန်းသန်းမော်က  ကမ္ဘာ့ပတ်ဝန်းကျင်းထိန်းသိမ်းနေ့အထိမ်းအမှတ်ကိုကြို ဆိုဂုဏ်ပြု‌ သောအားဖြင့် ပလတ်စတစ်ညစ်ညမ်းမှုကို တိုက်ဖျက်ရာတွင် ပြည်သူများပူးပေါင်းဖြေရှင်းဆောင်ရွက် နိုင် စေမည့်နည်းလမ်းများကိုသိရှိစေရန် ရည်ရွယ်ပြီး  Talk Show အစီအစဉ် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့သည်။


     ထို့နောက် သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်သီတာငြိမ်းက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံ၊ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ဆောင်ပုဒ်ကိုလည်းကောင်း၊ဒုတိယဦးစီးမှူးဒေါ်ဖြိုးမို့အောင်က ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအတွက် ပြည်သူများအနေဖြင့်ဆောင်ရွက်နိုင်မှုအခြေနေ၊ပလတ်စတစ်၏ကောင်းကျိုးဆိုးကျိုးများ၊ပလတ်စတစ်ကိုစတင်တွေ့ရှိအသုံးပြုလာရတဲ့အကြောင်းရင်းစသည်တို့ကိုအကျယ် တဝင့် ရှင်းလင်းဆွေးနွေး ခဲ့ ကြောင်းသိရသည်။


   ကျိုက်ထိုမြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုလိုအသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင်  ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကိုစဉ်ဆက်မပြတ် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)