Pages

Pages

ကျိန္တလီမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး ခေါင်းစဉ်ဖြင့် အသိပညာပေးTalk Show ကျင်းပ




MNP ၊    ဇွန်   ၂၂

ကျိန္တလီမြို့၌  မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး   ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ (၁၁) နာရီအချိန်တွင် ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပခဲ့သည်။


ရှေးဦးစွာ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့ဦးစီးမှူးဒေါ်သန်းသန်းလေးမှ မူးယစ်ဆေးဝါးအန္တရာယ်နှင့်မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများနှင့် ၎င်းအမှုကို ကျူးလွန် မည်ဆိုပါက ကျခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို မေးမြန်းဆွေးနွေးခဲ့ရာ ကျိန္တလီနယ်မြေ ရဲစခန်းမှ ဒုရဲအုပ် ဦးဆက်နွယ်စိုးက မူးယစ်ဆေးဝါးကိုသုံးစွဲခြင်းကြောင့် စိတ်ဓါတ်ကျခြင်း၊ မိမိကိုယ် မိမိသေကြောင်းကြံစည်ခြင်း၊ စိတ်ရောဂါရခြင်း၊ ဦးနှောက်မှတ်ဉာဏ် ချို့ယွင်းခြင်း၊ မိသားစုစိတ်ဓာတ် လျော့နည်းခြင်း၊ ပြင်းထန်စွာစိုးရိမ်ကြောင်းကျမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊  ဘိန်း၊ ကိုကင်း စိုက်ပျိုးခြင်း၊ လက်ဝယ်ထားခြင်း၊ ပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ နိုင်ထက်စီးနင်းပြု၍ အခြားသူ တစ်ဦးအားသုံးစွဲခိုင်းခြင်း စသည့်ပြစ်မှုများကို ကျူးလွန်ပါက မူးယစ်ဆေးဝါးဥပဒေပုဒ်မ(၁၆)ဖြင့် အရေးယူခံရမည်ဖြစ်ပြီး ထောင်ဒဏ်(၅)နှစ်မှ (၁၀)နှစ်ထိချမှတ်နိုင်ကြောင်း၊ မူးယစ်ဆေးဝါးကို ရောင်းချရန်ကမ်းလှမ်းခြင်း၊ ဆယ်သွယ်ခြင်း၊ သဘောတူခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းမှရှိလာသောငွေကြေး အကျိုးအမြတ်ကို ဖုံးကွယ်ခြင်း၊ ဖျောက်ဖျက်ခြင်း စသည့်ပြစ်မှုများကို ကျူးလွန်ပါက မူးယစ်ဆေးဝါးဥပဒေပုဒ်မ (၁၉)ဖြင့် အရေးယူခံရမည်ဖြစ်ပြီး ထောင်ဒဏ်(၁၀)နှစ်မှ(၂၀)နှစ်ထိချမှတ်မည် ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။


ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment