မတ္တရာမြို့နယ်၌ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မတ္တရာမြို့နယ်၌ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်


MNP ၊    ဇွန်   ၂၆

၂၀၂၃ ခုနှစ် ဇွန် ၂၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မေသူမြင့်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးလှိုင်ဝင်းသန်းတို့မှ ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဖြစ်ပေါ်လာပုံ၊ အအေးပေးဒြပ်ပစ္စည်းများ၊ အအေးပေးပစ္စည်းများကိုအသုံးပြုမှု၊ အရေးပါပုံများ၊ အအေးပေးပစ္စည်းများမရှိပါက ကြုံတွေရနိုင်သည့်အခက်အခဲများ၊ အကျိုးသက်ရောက်မှုများ၊ အအေးပေးပစ္စည်းများကို ရွေးချယ်သုံးစွဲခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုမျှတဗေရးနှင့် ဘေးကင်းလုံခြုံရေးနှင့် ကောင်းကျိုးဆိုးကျိုးများ၊ အကြံပြုချက်များ စသည့်အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။


ယနေ့ကျင်းပပြုလုပ်သည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးချက် အကြောင်းအရာများကို မတ္တရာမြို့နယ် ပြည်သူ့စာကြည့်တိုက် လူမှုကွန်ယက်စာမျက်နှာနှင့် ရွှေရာမြေ page တို့တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။


စိုးကျော်သူထွေး

 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)