Pages

Pages

ပေါင်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး(Talk Show) ပြုလုပ်




MNP ၊    ဇွန်   ၂၇

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်  လူကုန်ကူးမှုတားဆီးကာကွယ်ရေး   အသိပညာပေး(Talk Show) ဆွေးနွေးပွဲ

ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယနေ့ နံနက်(၁ ၁း၀၀ ) နာရီက ကျင်းပပြုလုပ်ခဲ့သည်။


ဆွေးနွေးပွဲ တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဒုတိယဦးစီးမှူး ဒေါ်ခင်မာလာအောင် က

  ( Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး ၊အမှတ်(၉)၊လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်စိုးကျော်က လူကုန်ကူးမှုလျော့နည်းပပျောက်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ ၊ မြန်မာနိုင်ငံတွင်ကြုံတွေ့နေရတဲ့ လူကုန်ကူးမှုအမျိုးအစားများ၊ လူကုန်ကူးသူများခံစားရမည့်ပြစ်

ဒဏ်များ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့များကို

မြန်မာနိုင်ငံအနှံအပြားတွင်ဖွဲ့စည်းထားမှုများ၊ လူကုန်ကူးမှုသည် မြန်မာလူမျိုးတို့၏အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိခိုက်ပျက်ပြားစေသဖြင့် အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ကာ အားလုံးဝိုင်းဝန်းတားဆီးလျှက်ရှိပြီးမိမိတို့ပတ်ဝန်းကျင်တွင် လူကုန်ကူးမှုဖြစ်စဥ်များ ဖြစ်ပေါ်လာနိုင်ကြောင်း သတင်းရရှိပါက လူကုန်ကူးမှုတားဆီးနှိမ်းနင်းရေး ရဲတပ်ဖွဲ့စုသို့ ဆက်သွယ်သတင်းပေးပို့ကြရန်တို့ကို ဆွေးနွေးခဲ့သည်။


ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost 




No comments:

Post a Comment