Pages

Pages

ကျောက်တံတားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်


MNP ၊    ဇွန်   ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က စာဖတ်ခြင်း၏အကျိုးကျေးဇူး အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တံတားမြို့နယ်ရုံးမှ ဒေါ်အေးမြကြည်နှင့်ဒေါ်သူဇာလွင်တို့က စာဖတ်ခြင်းသည်ဘဝမှာအရေးကြီးတယ်ဆိုတာ လူတိုင်းသိကြောင်း၊ ထို့ကြောင့်ပင်အလိမ္မာစာမှာရှိ၊ စာအုပ်စာပေလူ့မိတ်ဆွေဟုဆိုကြောင်း၊ လူတိုင်း လူတိုင်းစာပေကိုဘာကြောင့်ဖတ်သင့်သလဲဆိုသည့်အချက်(၈)ချက်ရှိကြောင်း၊  စာဖတ်အားကောင်းသူတွေဟာ သူများထက်မသိတာမရှိဖြစ်ပြီးကိစ္စတိုင်းကို ခေါင်းအေးအေးနှင့်ဖြေရှင်းနိုင်စွမ်းရည်ရှိကြောင်း၊ စာအုပ်စာပေဆိုတာဘဝအတွက် တည်ငြိမ်အေးချမ်းသောသူငယ်ချင်း၊ အယုံကြည်ရဆုံး အကြံပေးအရာရှိသဘောထားကြီးတဲ့ဆရာတစ်ဆူဖြစ်ကြောင်း၊ စာဖတ်ထားရင် စာမဖတ်တဲ့သူနဲ့နှိုင်းယှဉ်ပါ ကလူမှုပေါင်းသင်းဆက်ဆံရေးဘက်မှာပိုပြီးသာမှာဖြစ်ကြောင်း၊ စာဖတ်ကောင်းသူတွေဟာ အများအားဖြင့် ဆုံးဖြတ်ချက်မမှားကြကြောင်းစသည်ဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်တံတားမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများတိုးပွားရရှိစေရန်အတွက် အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်ပေး လျက်ရှိသည့်အပြင်ပုံပြင်၊ ကဗျာရွတ်၊ စာအုပ်မိတ်ဆက်နှင့်အခြားဗဟုသုတရဖွယ်အစီအစဉ်များအား ပြည်သူ့စာကြည့်တိုက် Online Facebook page မှစဉ်ဆက်မပြတ်လွှင့် တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


လှလှထွေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment