ပေါင်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအထိမ်းအမှတ် အကြောင်း သိ‌ကောင်းစရာ အသိပညာပေး Talk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအထိမ်းအမှတ် အကြောင်း သိ‌ကောင်းစရာ အသိပညာပေး Talk Show ကျင်းပ


MNP ၊    ဇွန်   ၂

သထုံခရိုင်၊ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး(Talk Show)ကို ယနေ့ နံနက်ပိုင်းက မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။


ဆွေးနွေးပွဲတွင် ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက သဘာဝပတ်ဝန်းကျင်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များနှင့် အသိပညာ ဗဟုသုတများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးရည်ရွယ်ချက်ဖြင့် Talk Show ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြား သည်။


ထို့နောက် ပေါင်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးစိုးဝင်းမှ သစ်တောပြုန်းတီးမှုမရှိစေရေး ဆောင်ရွက်ပေးနေမှုအခြေအနေများ၊ အစားထိုးအပင်စိုက်ပျိုးပေးနေမှုအခြေအနေများ၊ ပင်လယ်ရေတိုက်စားမှုဒဏ်ကာကွယ်နိုင်ရေး ဒီရေတောစိုက်ပျိုးထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ဂေဟစနစ်တွေနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေကို ထိန်းသိမ်းကာကွယ်ဆောင်ရွက်ပါက ရရှိလာမည့်အကျိုးအကျေးဇူးများနှင့် အမှိုက်များ စနစ်တကျစွန့်ပစ်မှုမရှိပါက သဘာဝပတ်ဝန်းကျင်နဲ့ လူသားများအပေါ်ကျရောက်နိုင်သည့် အန္တရာယ်ဆိုင်ရာများကိုလည်းကောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။


ထို့ပြင် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများနှင့် လူသားများ၏ ဆင်ခြင်မဲ့လုပ်ရပ်များကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုနဲ့ သယံဇာတများ တစ်နှစ်မှ တစ်နှစ် ယိုယွင်းပျက်စီးမှုများရှိနေကာ ပင်လယ်ရေနေသတ္တဝါများသည်လည်း မျိုးတုံးပျောက်ကွယ် လုနီးပါးအန္တရာယ်နှင့် ရင်ဆိုင်လာရနိုင်သည့်အတွက်ပြည်သူအားလုံးကူညီပူးပေါင်းဆောင်ရွက်ကြဖို့ဆွေးနွေးခဲ့ပါသည်။


ပေါင်မြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျှက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)