မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ပြုလုပ်



MNP ၊    ဇွန်   ၁၄

ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ကို ယနေ့ နေ့လယ်(၁၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ် မြို့နယ်ရုံး၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်ရွှေ က မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ပြုလုပ်ရသည့်ရည်ရွယ်ချက် များကို ပြောကြားပြီးနောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဌေးဌေးလွင် နှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခိုင်ဇာလင်း တို့က မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးအဖြစ် ဆွေးနွေးရာတွင် ယနေ့လူငယ်များအနေဖြင့် မူးယစ်ဆေး ဝါးသုံးစွဲမှုပိုမိုများလာသည်ကိုတွေ့ရှိရကြောင်း ၊ လူငယ်များလူညွန့်မတုံးစေရန် အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ် တိုးမြှင့်ဆောင်ရွက်ရန်လိုအပ်ကြောင်း ၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ပြည်သူများအကြား ကျယ်ပြန့်စွာ သိရှိစေရေးအတွက် ပညာပေးလှုံ့ဆော်ခြင်း ၊ ဆေးကုသခြင်း ၊ ပြန်လည်ထူထောင်ခြင်းတို့ကိုဆောင်ရွက်လျက် ရှိကြောင်း ၊ တောရော မြို့ပါမကျန် ရောက်ရှိပြန့်နှံ့နေသည့် မူးယစ်ဆေးဝါးကြောင့် လူငယ်များ မူးယစ်သား ကောင်ဘဝမကျရောက်စေရန် မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာများ ၊ လက်ကားဒိုင်များ ၊ လက်လီဖြန့်သည့် အရောင်းအဝယ်သမားများကိုနှိမ်နင်းရှင်းလင်းရန်လိုအပ်ကြောင်းဆွေးနွေးကြသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တောင်ကုတ်မြို့နယ်ရုံးသည် ပြည်သူများအား အသိပညာပေးရေးလုပ်ငန်းများကို လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့် ဝန်ဆောင်မှုပေးလျက်ရှိရာ အများ ပြည်သူအသိပညာရရှိစေမည့် အစီအစဉ်များကိုရိုက်ကူး၍  Online မှတစ်ဆင့်ထုတ်လွှင့်ပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)